Connect with us

Hi, what are you looking for?

သတင်း

ကြေးနီများသယ်ယူသည့် ယာဥ်တန်းဖြတ်မည့်လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီကလုံခြုံရေးအပြည့်ယူထား၍ ပြည်သူများသတိထားရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေး

ဝမ်ပေါင်ကုမ္မဏီမှ ကြေးနီများကို ၁၂ဘီးကား ၁၅စီးဖြင့် သယ်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ၂မိုင်ခန့်ရှည်သည့် ရွှေတောင်ဦးနှင့် ဝမ်ပေါင်လမ်းကို ယနေ့(ဇူလိုင် ၁၄ရက်)တွင် ပိတ်ဆို့ထားသည်ဟု ဒေသခံများကပြော သည်။

People's Spring
People's Spring

ဝမ်ပေါင်ကုမ္မဏီမှ ကြေးနီများသယ်ယူသည့် ယာဥ်တန်းဖြတ်မည့် မုံရွာ – ပုသိမ်လမ်းပိုင်းတစ်လျှောက် စစ်ကောင် စီက လုံခြုံရေးအပြည့်ယူထား၍ ခရီးသွားပြည်သူများ သတ်ိထားကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကသတိပေးသည်။

” ရွှေတောင်ဦးနဲ့ ဝမ်ပေါင်အထိကို စစ်ခွေးတွေ ပိတ်ချလိုက်ပြီ။ လမ်းဘေးဝဲယာတွေ စစ်ကြောင်းထိုးပြီး ပစ်ခတ်တတ်တဲ့အတွက် ဒေသခံတွေအတွက် စိတ်ပူနေရတယ်။ ဘယ်သူမှ မထွက်ကြဖို့လိုတယ်”ဟု ယင်းမာပင်အခြေစိုက် လူငယ်ကာကွယ်ရေးအဖွဲ့ဖြစ်သော သူ့ကျွန်မခံမြွေဆိုးတစ်သိုက်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝမ်ပေါင်ကုမ္မဏီမှ ကြေးနီများကို ၁၂ဘီးကား ၁၅စီးဖြင့် သယ်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ၂မိုင်ခန့်ရှည်သည့် ရွှေတောင်ဦးနှင့် ဝမ်ပေါင်လမ်းကို ယနေ့(ဇူလိုင် ၁၄ရက်)တွင် ပိတ်ဆို့ထားသည်ဟု ဒေသခံများကပြော သည်။

“ပုသိမ်-မုံရွာ လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီကျွန်သဘောက် စစ်​ေွးများ လုံခြုံရေးအပြည့်အဝယူထားပါသည်။ ခရီးသွား၊မိဘပြည်သူများသတိထား သွားလာကြပါရန် အသိပေးအကြောင်းကြားအပ်ပါ သည်”ဟု ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးချက် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။