Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ်၊ အင်္ကုက္ကားရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်များ လှည့်ကင်းထွက်လာချိန် စောင့်ကြိုတိုက်ခိုက်၊ သုံးဦးသေ လေးဦးဒဏ်ရာရ

အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည် PDF နှင့် မဟာမိတ်အဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

(တန့်ဆည်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ)
(တန့်ဆည်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ)

တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ လှည့်ကင်းထွက်လာချိန် စောင့်ကြိုတိုက် ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(တန့်ဆည်)က ယနေ့(ဇူလိုင် ၁၄)ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၃)ည ၉ နာရီခန့်က ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ကို တန့်ဆည် PDF ရွှေဘိုခရိုင် တပ် ရင်း(၆)၊ တပ်ရင်း(၇)နှင့် ဒေသခံအဖွဲ့များ စောင့်ကြိုပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်ဟု ဖော်ပြသည်။

“ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်သား ၁၄ ယောက်ကို အင်္ကုက္ကားရွာနှင့် အုတ်ဖိုအိုင်ရွာကြားတွင် တန့်ဆည် PDF ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ရာ ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်”ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုအတွင်း အစစအရာရာကူညီပေးကြသော မြေပြင်အဖွဲ့သားများအားလုံးအား ကျေးဇူးအထူးတင်ရှိပြီး လူကြီးမင်းများ၏ပူးပေါင်းတိုက်ပွဲဆင်မှုအား လေးစားစွာ အသိမှတ်ပြုပါအပ်သည်ဟု မှတ်တမ်းတင်ထားသည်။

အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည် PDF နှင့် မဟာမိတ်အဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။