Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ်၊ အင်္ကုက္ကားရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်များ လှည့်ကင်းထွက်လာချိန် စောင့်ကြိုတိုက်ခိုက်၊ သုံးဦးသေ လေးဦးဒဏ်ရာရ

အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည် PDF နှင့် မဟာမိတ်အဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

(တန့်ဆည်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ)
(တန့်ဆည်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ)

တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ လှည့်ကင်းထွက်လာချိန် စောင့်ကြိုတိုက် ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(တန့်ဆည်)က ယနေ့(ဇူလိုင် ၁၄)ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၃)ည ၉ နာရီခန့်က ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ကို တန့်ဆည် PDF ရွှေဘိုခရိုင် တပ် ရင်း(၆)၊ တပ်ရင်း(၇)နှင့် ဒေသခံအဖွဲ့များ စောင့်ကြိုပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်ဟု ဖော်ပြသည်။

“ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်သား ၁၄ ယောက်ကို အင်္ကုက္ကားရွာနှင့် အုတ်ဖိုအိုင်ရွာကြားတွင် တန့်ဆည် PDF ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ရာ ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်”ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုအတွင်း အစစအရာရာကူညီပေးကြသော မြေပြင်အဖွဲ့သားများအားလုံးအား ကျေးဇူးအထူးတင်ရှိပြီး လူကြီးမင်းများ၏ပူးပေါင်းတိုက်ပွဲဆင်မှုအား လေးစားစွာ အသိမှတ်ပြုပါအပ်သည်ဟု မှတ်တမ်းတင်ထားသည်။

အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည် PDF နှင့် မဟာမိတ်အဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။