Connect with us

Hi, what are you looking for?

သတင်း

NUG ယာယီသမ္မတ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အွန်လိုင်းမှတွေ့ဆုံ

အဆိုပါတွေ့ဆုံမှုတွင် NUG ယာယီသမ္မတက နိုင်ငံ တကာအသိုင်းအဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရေးတိုက်တွန်းပေးရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး

▪️နိုင်ငံတကာအသိုင်းအဝန်းက NUGနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရေး တိုက်တွန်းပေးရန် မဟာမင်းကြီးကို တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကို အွန်လိုင်းမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန် သည်။

အဆိုပါတွေ့ဆုံမှုတွင် NUG ယာယီသမ္မတက နိုင်ငံ တကာအသိုင်းအဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရေးတိုက်တွန်းပေးရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများထမ်းဆောင်ရန် ကတိကဝတ်ပြုခဲ့ပြီး ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ နည်းပညာအကူအညီများ ပံ့ပိုးပေးရန်လည်း ယာယီသမ္မတက တောင်းဆိုခဲ့ကြောင်းထုတ်ပြန် သည်။

ထို့အပြင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီ မျှော်မှန်းချက်များနှင့် လူ့အခွင့်အရေးများအတွက် မဟာမင်းကြီးမှ ဆက်လက်ထားရှိသော ကတိကဝတ်အတွက် ကျေးဇူးဥပကာရ တင်ရှိကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

မဟာမင်းကြီးရုံး၏ လုပ်ပိုင်ခွင့် တာဝန်များအတွက် မြန်မာနိုင်ငံမှ ဆက်လက် ထောက်ခံကြောင်းလည်း ယာယီသမ္မတက ထပ်လောင်းအသိပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းမှာ မြန်မာ့အရေးကို ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေတို့ ထည့်ပြော၊ တရုတ်ထည့်မပြော

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook