Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်၏ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရမည်ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးပြော

အထက်ပါဆွီဒင်နိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူသို့ ဆွီဒင်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုပေးခဲ့ခြင်းအပေါ် ဝမ်း မြောက်ကြောင်းကြေညာစဉ် ၎င်း၏တွစ်တာမှတဆင့် တိုက်တွန်းခြင်းဖြစ်သည်။

ဆွီဒင်နိုင်ငံခြား​ရေးဝန်ကြီး
ဆွီဒင်နိုင်ငံခြား​ရေးဝန်ကြီး

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရမည်ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က တိုက်တွန်းသည်။

အထက်ပါဆွီဒင်နိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူသို့ ဆွီဒင်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုပေးခဲ့ခြင်းအပေါ် ဝမ်း မြောက်ကြောင်းကြေညာစဉ် ၎င်း၏တွစ်တာမှတဆင့် တိုက်တွန်းခြင်းဖြစ်သည်။

ဆွီဒင်နိုင်ငံခြား​ရေးဝန်ကြီးတွစ်တာတွင်​ရေးသားထားမှု
ဆွီဒင်နိုင်ငံခြား​ရေးဝန်ကြီးတွစ်တာတွင်​ရေးသားထားမှု

“ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို အထောက်အပံ့ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း လျော့ပါးစေဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေက အရေးပါပါတယ်” ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က ဇူလိုင် ၁၃ ရက်တွင်​ရေးသားထားသည်။

အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrewsသည် မကြာသေးမီက ကျင်းပခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ မြန်မာစစ်တပ်၏ ကျူးလွန်နေဆဲ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများအကြောင်း အစီရင်ခံစာတင်သွင်းဖတ်ကြားခဲ့ပြီး နိုင်ငံတကာအသိုင်း အဝန်းက စစ်ကောင်စီအပေါ် အရေးယူရန် ပျက်ကွက်ကျရှုံးမှုများကိုလည်း တင်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။