Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရမည်ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးပြော

အထက်ပါဆွီဒင်နိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူသို့ ဆွီဒင်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုပေးခဲ့ခြင်းအပေါ် ဝမ်း မြောက်ကြောင်းကြေညာစဉ် ၎င်း၏တွစ်တာမှတဆင့် တိုက်တွန်းခြင်းဖြစ်သည်။

ဆွီဒင်နိုင်ငံခြား​ရေးဝန်ကြီး
ဆွီဒင်နိုင်ငံခြား​ရေးဝန်ကြီး

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရမည်ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က တိုက်တွန်းသည်။

အထက်ပါဆွီဒင်နိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူသို့ ဆွီဒင်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုပေးခဲ့ခြင်းအပေါ် ဝမ်း မြောက်ကြောင်းကြေညာစဉ် ၎င်း၏တွစ်တာမှတဆင့် တိုက်တွန်းခြင်းဖြစ်သည်။

ဆွီဒင်နိုင်ငံခြား​ရေးဝန်ကြီးတွစ်တာတွင်​ရေးသားထားမှု
ဆွီဒင်နိုင်ငံခြား​ရေးဝန်ကြီးတွစ်တာတွင်​ရေးသားထားမှု

“ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို အထောက်အပံ့ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း လျော့ပါးစေဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေက အရေးပါပါတယ်” ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က ဇူလိုင် ၁၃ ရက်တွင်​ရေးသားထားသည်။

အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrewsသည် မကြာသေးမီက ကျင်းပခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ မြန်မာစစ်တပ်၏ ကျူးလွန်နေဆဲ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများအကြောင်း အစီရင်ခံစာတင်သွင်းဖတ်ကြားခဲ့ပြီး နိုင်ငံတကာအသိုင်း အဝန်းက စစ်ကောင်စီအပေါ် အရေးယူရန် ပျက်ကွက်ကျရှုံးမှုများကိုလည်း တင်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။