Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်အုပ်ချုပ်သူများရန်မှ ပြည်သူတစ်ရပ်လုံးလွတ်မြောက်ရေး ရဲ့ဝင့်စွာ တိုက်ပွဲဝင်ရန် KNDOနေ့သို့ KNU သဝဏ်လွှာပို့ တိုက်တွန်း

ယခု လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းသည် ကရင်အမျိုးသား တို့၏ နိုင်ငံရေး ရပ်တည်ချက်များနှင့် ကရင့်အမျိုးသားတော်လှန်ရေး၏ အနာဂတ်လမ်းစဉ်အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အချိန်ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

သမိုင်းဝင်ရန်သူဖြစ်သော မဟာလူမျိုးကြီးဝါဒနှင့် အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင် ဖြိုချ ဖျက်ဆီးရမည်ဟုဖော်ပြ

ကရင်အမျိုးသားနှင့် ပြည်သူလူထုတစ်ရပ်လုံး အကြမ်းဖက် အုပ်ချုပ်သူများ၏ မတရားစော်ကား မှုများ သတ်ဖြတ်မှုများနှင့် ရပ်ရွာများအား မီးရှို့ ဖျက်ဆီးခြင်းတို့မှ လွတ်မြောက်ပြီး အသက်၊ အိုးအိမ်စည်းစိမ် လုံခြုံမှုများအတွက် အတူတကွ ကြိုးပမ်းတိုက်ပွဲဝင်ကြပြီး ကရင်အမျိုးသားများ၏ နိုင်ငံရေး ရည်မှန်း ချက် နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ ရဲရဲ ဝံ့ဝံ့တိုက်ပွဲဝင်ကြရန် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDO) ထံ ကရင်အမျိုးသား အစည်းအရုံး(KNU)ကသဝဏ်လွှာပေးပို့ တိုက်တွန်းသည်။

ယနေ့ (ဇူလိုင် ၁၆ရက်) ကျရောက်သည့် ၇၅နှစ်ပြည့် KNDOနေ့သို့ KNUက သဝဏ်လွှာပေးပို့ခဲ့ ခြင်းဖြစ်သည်။

ယခု လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းသည် ကရင်အမျိုးသား တို့၏ နိုင်ငံရေး ရပ်တည်ချက်များနှင့် ကရင့်အမျိုးသားတော်လှန်ရေး၏ အနာဂတ်လမ်းစဉ်အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အချိန်ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

ကရင်အမျိုးသားတို့ သမိုင်းတစ်လျှောက် ရင်ဆိုင်နေသော ရန်သူသည် လူမျိုးကြီး ဝါဒနှင့် အာဏာသိမ်း စစ်အုပ်စုဖြစ်ပြီး ၎င်းတို့သည် ကရင်အမျိုးသားများနှင့် လူနည်းစုများ၏ မျှော်မှန်းချက်၊ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ လိုလားတောင့်တနေကြသော လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များတို့ကို အာမခံချက် ပေးနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေကြောင်း KNUက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးသည် အာဏာသိမ်းစစ်အုပ်စု ကို ဘက်ပေါင်းစုံမှ နည်းလမ်း အမျိုးမျိုးဖြင့် ပါဝင်တော်လှန်နေကြကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့သော အချိန်ကာလတွင် မိမိတို့၏ နိုင်ငံရေး ရပ်တည်ချက်နှင့်တူညီသော အဖွဲ့အစည်းအားလုံးနှင့် အတူတကွ လက်တွဲပြီး ကရင်အမျိုးသားများ၏ သမိုင်းဝင် ရန်သူဖြစ်သော မဟာလူမျိုးကြီး ဝါဒနှင့် အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင် ဖြိုချ ဖျက်ဆီး ပစ်ရပါမည်ဖြစ်ကြောင်း KNU၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

တချိန်တည်းမှာပင် ထိုကဲ့သို့ ကြိုးပမ်းတိုက်ပွဲဝင်နေကြသည့် အချိန်တွင် KNDO မှ ခေါင်းဆောင်များနှင့် စစ်သည်တော်များ အနေဖြင့် မိမိတို့ ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး ဦးဆောင်မှုနှင့် လမ်းညွှန်ချက် အတိုင်း မိမိတို့ အမျိုသားနှင့် ပြည်သူလူထု၏ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိစေရန် ကြိုးပမ်း ကြရမည် ဖြစ်ပြီး ထိုကဲ့သို့ ထမ်းဆောင်ကြရာတွင် တော်လှန်ရေးသတိ နှင့် နိုင်ငံရေးနိုးကြားမှုများလည်း ရှိရမည်ဖြစ်ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ယခုလက်ရှိကာလသည် မိမိတို့၏ နိုင်ငံရေးပန်းတိုင်ကို ဆက်လျှောက်နေရသော အချိန်ဖြစ်သော ကြောင့် စုစုစည်းစည်း လက်တွဲလုပ်ဆောင်ကြပြီး ရည်မှန်းချက် တစ်ခုတည်းဖြင့် အပြန်အလှန် နားလည်မှုရှိရှိ ကရင်အမျိုးသားများ၏ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိကြသည်အထိ လက်တွဲလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း KNUက သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။