Connect with us

Hi, what are you looking for?

သတင်း

Kaung For You နှင့်ဆက်စပ်သော CDM ဆရာ၊ ဆရာမများကို လက်ခံကြိုဆိုမည်ဟု အဖွဲ့အစည်းအချို့ ထုတ်ပြန်

ကျောင်းနှင့် ဆက်သွယ်ထားမိသူများအနေဖြင့် ဖုန်း sim ကဒ်များပိတ်ကာ sim အသစ်ပြောင်းထားကြရန် သိန်းငှက်ပြောက်ကျားတပ်က အကြံပြုသည်။ ထို့အပြင် Kaung For You ကျောင်းသို့ ပေးထားသော နေရပ်လိပ်စာများမှ အမြန်ဆုံးရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။

သိန်းငှက်ပြောက်ကျားတပ်ဖွဲ့
သိန်းငှက်ပြောက်ကျားတပ်ဖွဲ့

Kaung For You ပညာရေးကျောင်းနှင့် ဆက်စပ်သောဆရာ၊ ဆရာမများကို လက်ခံကြိုဆိုသွားမည်ဟု တော်လှန် ရေးဘက်တော်သား အဖွဲ့အစည်းအချို့က ယနေ့(ဇူလိုင် ၁၇)အသိပေးထုတ်ပြန်လိုက်သည်။

အဆိုပါ အဖွဲ့အစည်းများတွင် မြောင်ပညာရေးကွန်ယက်နှင့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ရေစကြို)တို့ပါဝင်ကာ ဆရာ၊ ဆရာမများ၏ ဘေးကင်းလုံခြုံမှုကို တာဝန်ယူပြီး အကူအညီလိုအပ်ပါက ၎င်းတို့ထံ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

“မြောင်ပညာရေးကွန်ရက် Myaung Education Network မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။ ဆရာဆရာမတို့ဘေးကင်းလုံခြုံစေဖို့ တာဝန်ယူပါတယ်။ အကူအညီလိုအပ်နေပါက ကျွန်တော်ကျွန်မတို့ဆီ ဆက်သွယ်ပေးပါ”ဟု ဖော်ပြသည်။

စစ်ကောင်စီက Kaung For You ကျောင်းနှင့် ပတ်သတ်သော ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများအား သတင်းအချက်အလက်များ နောက်ယောင်ခံ၍ ဖမ်းဆီးမှုများ ကျူးလွန်နေခြင်းအား ​မြောင်ပညာ​ရေးကွန်ယက်မှ ပြင်ထန်စွာ ရှုံ့ချပြီးကန့်ကွက်ကြောင်းသဘောထား ထုတ်ပြန်
သည်။

Public Service Announcement

Public Service Announcement

ထိုဖမ်းဆီးမှုများနှင့် ပတ်သတ်ပြီး ပြည်သူလူထုကြားစိုးရိမ်ပူပန်မှုများရှိနေသည်ကိုတွေ့ရပြီး Kaung For You နှင့် ဆက်သွယ်ထားမိသော ဆရာ၊ ဆရာမများမှ မိမိတို့သုံးစွဲခဲ့သော ဖုန်းနံပါတ်၊ ထိုဖုန်းနံပါတ်နှင့်ဖွင့်ထားသော Viber ၊ Messenger ၊ Email ၊ Telegram တို့အား ဖျောက်ဖျက်ပစ်ရန် အကြံပေးပြုထားသည်။

အလားတူ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ရေစကြို)က ထုတ်ပြန်ရာတွင်လည်း ရေစကြိုမြို့နယ်မှ Kaung For You နှင့် ချိတ်ဆက် ဆရာ၊ ဆရာမများတိမ်းရှောင်ဖို့ အခက်ခဲရှိပါက ၎င်းတို့ထံ ဆက်သွယ်နိုင်ကြောင်း အသိပေးသည်။

“ကျွန်တော်တို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ (ရေစကြို) သို့ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့တွေ နယ်မြေခံ အဖွဲ့စည်းများနှင့်တိုင်ပင် ပြီး စီစဥ်ဆောင်ရွက်ပေးပါ့မယ်ခင်ဗျာ”ဟု ဖော်ပြသည်။

ကျောင်းနှင့် ဆက်သွယ်ထားမိသူများအနေဖြင့် ဖုန်း sim ကဒ်များပိတ်ကာ sim အသစ်ပြောင်းထားကြရန် သိန်းငှက်ပြောက်ကျားတပ်က အကြံပြုသည်။ ထို့အပြင် Kaung For You ကျောင်းသို့ ပေးထားသော နေရပ်လိပ်စာများမှ အမြန်ဆုံးရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။

CDM ဆရာဆရာမ များအပါအဝင် စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များ ကြောင့် KNU နယ်မြေသို့ရောက်ရှိလာသူများကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရ လက်ခံနေသည့် အဖွဲ့၏ မူဝါဒမှာ အပြောင်းအလဲမရှိကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​​စောတာနီကလည်း​​ပြောသည်။

“ လူသားချင်း စာနာထောက်ထားမှုရှုထောင့်ကနေ မူဝါဒဘယ်လိုမှ ပြောင်းလဲနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

​မြောင်ပညာ​ရေးကွန်ယက် ​ဖေစ်ဘွခ် –

https://www.facebook.com/edu4myaung

သိမ်းငှက်​ပြောက်ကျား​ဖေစ်ဘွခ်-

https://m.facebook.com/သိန်းငှက်ပြောက်ကျားအဖွဲ့-108337034968720/

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။