Connect with us

Hi, what are you looking for?

သတင်း

Kaung For You အတွက်လက်တုန့်ပြန်သည့်အနေဖြင့် တံတားဦးရှိ စစ်ဆေးရေးဂိတ်တစ်ခုကို မိုင်းပစ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ယမန်နေ့(ဇူလိုင် ၁၇)ည ၇ နာရီ ၄၅ ခန့်က တံတားဦးမြို့ ကျောက်နယ်လမ်းဟောင်း စစ်ဆေးရေးဂိတ်အား FLA ဒုတာဝန်ခံမန်းမိုးကြိုးဦးဆောင်ပြီး စစ်ကောင်စီတပ်များရှိနေသော ဂိတ်တဲအတွင်း မိုင်းတစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

တံတားဦး
တံတားဦး

Kaung For You ကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများဖမ်းဆီးခံရမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် မန္တလေးတိုင်း၊ တံတားဦးမြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို မိုင်းပစ်တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force – FLA က အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၇)ည ၇ နာရီ ၄၅ ခန့်က တံတားဦးမြို့ ကျောက်နယ်လမ်းဟောင်း စစ်ဆေးရေးဂိတ်အား FLA ဒုတာဝန်ခံမန်းမိုးကြိုးဦးဆောင်ပြီး စစ်ကောင်စီတပ်များရှိနေသော ဂိတ်တဲအတွင်း မိုင်းတစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ မိုင်းပစ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများရှိနေသော ဂိတ်တဲအတွင်းဝင်အောင်ပစ်နိုင်ခဲ့ရာ စစ်ကောင် စီတပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်ဟု ဆိုသည်။

“ယခုတိုက်ခိုက်မှုသည် Kaung For You မှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအား သိက္ခာချဖမ်းဆီးမှုကို လက် စားချေတိုက်ခိုက်ခြင်းဖြစ်ကာ တရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ဖမ်းဆီး နှိပ်စက်မှုများလုပ်ဆောင်ပါက တူညီသောအတုန့်အလှည့်ကို ခံစားရမည်”ဟု FLA က အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် တော်လှန်ရေးကာလအချိန်ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီထောက်တိုင်များနှင့် အနီး ကပ်နေထိုင်ခြင်း၊ ကူညီထောက်ပံ့ခြင်း၊ သတင်း ပေးခြင်း၊ တော်လှန်ရေးအင်အားစုများ အထင်အမြင်လွဲစေနိုင်မည့် ပတ်သက်ဆက်ဆံမှုများအား ရှောင်ကျဥ်ကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

Facebook