Connect with us

Hi, what are you looking for?

သတင်း

ရှေး​​ဟောင်းပစ္စည်းနှင့်ရတနာများ​တွေ့သည်ဆို​သောဝက်လက်မြို့နယ်၊ ထန်းကြီးရွာကိုစစ်​ကောင်စီတပ်လာတပ်စွဲ

ထန်းကြီးကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ၊ အရိုးစုများ၊ရွှေငွေကျောက်မျက်ရတနာ၊ ကျောက်စိမ်းဆင်းတုများ ရရှိသည်ဟုဆိုကြပြီး နေ့စဥ်လူ​ထောင်၊သောင်းချီ လာရောက်ရှာဖွေနေသ​ည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထန်းကြီးကျေးရွာတွင် ရတနာများတွေ့ရှိသည်ဟုဆိုကာ နေ့စဥ် လူ​ထောင်၊​သောင်းချီ လာရောက်တူးနေကြစဥ်။ဓါတ်ပုံ-CJ
ထန်းကြီးကျေးရွာတွင် ရတနာများတွေ့ရှိသည်ဟုဆိုကာ နေ့စဥ် လူ​ထောင်၊​သောင်းချီ လာရောက်တူးနေကြစဥ်။ဓါတ်ပုံ-CJ

ရှေးဟောင်းပစ္စည်းနှင့်ရတနာများတွေ့ရှိသည်ဟုဆိုကာလူ​ထောင်၊သောင်းချီ လာရောက်တူးဖော်နေသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုစစ်​ကောင်စီတ​ပ်က တပ်စွဲလိုက်ကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ရှေးဟောင်းပစ္စည်းနှင့်ရတနာများ​တွေ့ရှိသည်ဟုဆိုကာရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုနေ့စဥ်လူတစ်သောင်းကျော်လာရောက်ရှာဖွေတူးဖော်ခဲ့ကြသည်။

ယနေ့ (ဇူလိုင်လ ၁၈ရက နံနက် ၄နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်သည် ထန်းကြီးကျေးရွာသို့ အင်အား ၇၀ ဝန်းကျင်၊ ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲလိုက်ကြောင်း၊ ထို့အပြင် ရွာအနောက်ဘက်ကုန်းပေါ်တွင်လ​ည်း တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၁၈ နံနက်ပိုင်းက ထန်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ
ဇူလိုင် ၁၈ နံနက်ပိုင်းက ထန်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ

“ရတနာမြေအကြောင်း Facebook ပေါ်တင်နေတဲ့အကျိုးဆက်လို့ထင်တယ်။ဇွန်၂၈ ရက်လည်းမနက်ပိုင်းမှာအဲဒီသတင်းတက်လာပြီးညနေပိုင်းကြတော့သူတို့ဝင်လာတာပဲ။ တချို့ကလည်း ရတနာတွေ သုံးပိဿာတောင်ရတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတယ်။ ဒါကြောင့်ဝင်လာတာဖြစ်မယ်။”ဟု ဝက်လက်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထန်းကြီးကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ၊ အရိုးစုများ၊ရွှေငွေကျောက်မျက်ရတနာ၊ ကျောက်စိမ်းဆင်းတုများ ရရှိသည်ဟုဆိုကြပြီး နေ့စဥ်လူ​ထောင်၊သောင်းချီ လာရောက်ရှာဖွေနေသ​ည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook