Connect with us

Hi, what are you looking for?

သတင်း

မလွှဲတောင်စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီအဖွဲ့ အချင်းချင်းပစ်ခတ်ရာ ဒုရဲမှူးတစ်ဦးသေ

မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ခရီးသွားယာဉ်လိုင်းများကို ငွေကြေးတောင်းခံပြီးမှသာ ဖြတ်သန်းခွင့်ပြုနေပြီး အနည်းဆုံး ငွေကျပ်ငါးထောင်မှ သောင်းဂဏန်းအထိ ပေးနေရသည်ဟုလည်း သိရသည်။

(မလွှဲတောင်စစ်ဆေးရေးဂိတ်အား ယခင်က ​တွေ့ရစဥ်)
(မလွှဲတောင်စစ်ဆေးရေးဂိတ်အား ယခင်က ​တွေ့ရစဥ်)

ထားဝယ်မြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီအဖွဲ့မှ အချင်းချင်းပစ်ခတ်ရာ ဒုရဲမှူးတစ်ဦး သေဆုံးကြောင်း Tanintharyi Defense Force က ယနေ့(ဇူလိုင် ၂၀ ရက်) ထုတ်ပြန်သည်။

စစ်ဆေးရေးဂိတ်မှ ကောက်ခံရရှိသည့် ငွေကြေးခွဲဝေမှုနှက့်ပတ်သက်ပြီး မမျှတရာမှ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“သေတာက ဒုရဲမှူးကျော်သူဝင်း။သူတို့ချင်း ဝေစုမမျှလို့ ပစ်ကြတာ။ဒုရဲမှူးကတော့ သေသွားပြီ “ဟု ရဲသတင်းပေးတစ်ဦး၏ သတင်းပေးမှုကို ကိုးကား၍ Tanintharyi Defense Force က ပြောသည်။

ထို့အပြင် ယနေ့(ဇူလိုင် ၂၀ ရက်)တွင် ထားဝယ်ဝဲကျွန်းခရိုင်ရုံးတွင် ဒုရဲမှူး ကျော်သူဝင်း၏ နာရေးရှိသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ခရီးသွားယာဉ်လိုင်းများကို ငွေကြေးတောင်းခံပြီးမှသာ ဖြတ်သန်းခွင့်ပြုနေပြီး အနည်းဆုံး ငွေကျပ်ငါးထောင်မှ သောင်းဂဏန်းအထိ ပေးနေရသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

Facebook