Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတစ်ဦးသေဆုံး

စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာဒေသဖြစ်တဲ့ ထီးဒေးကရူနဲ့ ရှမ်းလယ်ပြင်ကရူဒေသတွေဘက်ကို ပြောင်းရွှေ့ရှောင်ရှားနေကြပြီး လူဦးရေ(၂၆၀၀)ကျော်ရှိကာ မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ ရိက္ခာအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတစ်ဦးသေဆုံး
စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတစ်ဦးသေဆုံး

ကေအဲန်ယူ-တောအူး(တောင်ငူ)ခရိုင် ဒေါ်ဖခိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၂ တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ရွာသားတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်(၁၅)ကနေ (၁၈)ရက်အတွင်း ကေအဲန်ယူ-တောအူးခရိုင် တပ်မဟာ ၂ နယ်မြေ ဒေါ်ဖခို(သံတောင်ကြီး)မြို့နယ် တာပူဒေသအတွင်းရှိ မင်းလမ်းတောင်၊ ဆင်အံတောင်၊ မိအိကြီး၊ ရွာသစ်ကုန်းစုစည်းရွာ၊ ကျွဲကျထက်အောက်ရွာ၊ ဘောဓိကုန်း၊ လယ်သာ၊ ဂွေးသဲနဲ့ ဖြတ်လမ်းဆုံရွာဒေသတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ ၂ တို့အကြား ထိတွေ့ပစ်ခတ်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့တာပါ။

Public Service Announcement
Public Service Announcement

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ ခလရ(၈၅)နဲ့ ခမရ(၃၀၇)စစ်ကြောင်းကတပ်တွေဟာ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ ကျေးရွာတချို့ရှိ ပြည်သူလူထုတွေရဲ့ အိမ်ယာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားတစ်ဦး သေဆုံးခဲ့ရကာ ဒေသခံလူထုအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မီးရှို့ခံခဲ့ရတဲ့ ရွာတွေကတော့ မိအိကြီးရွာ၊ စုစည်းရွာ၊ ဘောဓိကုန်းရွာ၊ မိအိကြီးရွာသစ်ကုန်း စတဲ့ ရွာတွေဖြစ်ကြတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာဒေသဖြစ်တဲ့ ထီးဒေးကရူနဲ့ ရှမ်းလယ်ပြင်ကရူဒေသတွေဘက်ကို ပြောင်းရွှေ့ရှောင်ရှားနေကြပြီး လူဦးရေ(၂၆၀၀)ကျော်ရှိကာ မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ ရိက္ခာအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။