Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတစ်ဦးသေဆုံး

စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာဒေသဖြစ်တဲ့ ထီးဒေးကရူနဲ့ ရှမ်းလယ်ပြင်ကရူဒေသတွေဘက်ကို ပြောင်းရွှေ့ရှောင်ရှားနေကြပြီး လူဦးရေ(၂၆၀၀)ကျော်ရှိကာ မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ ရိက္ခာအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတစ်ဦးသေဆုံး
စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတစ်ဦးသေဆုံး

ကေအဲန်ယူ-တောအူး(တောင်ငူ)ခရိုင် ဒေါ်ဖခိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၂ တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ရွာသားတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်(၁၅)ကနေ (၁၈)ရက်အတွင်း ကေအဲန်ယူ-တောအူးခရိုင် တပ်မဟာ ၂ နယ်မြေ ဒေါ်ဖခို(သံတောင်ကြီး)မြို့နယ် တာပူဒေသအတွင်းရှိ မင်းလမ်းတောင်၊ ဆင်အံတောင်၊ မိအိကြီး၊ ရွာသစ်ကုန်းစုစည်းရွာ၊ ကျွဲကျထက်အောက်ရွာ၊ ဘောဓိကုန်း၊ လယ်သာ၊ ဂွေးသဲနဲ့ ဖြတ်လမ်းဆုံရွာဒေသတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ ၂ တို့အကြား ထိတွေ့ပစ်ခတ်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့တာပါ။

Public Service Announcement
Public Service Announcement

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ ခလရ(၈၅)နဲ့ ခမရ(၃၀၇)စစ်ကြောင်းကတပ်တွေဟာ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ ကျေးရွာတချို့ရှိ ပြည်သူလူထုတွေရဲ့ အိမ်ယာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားတစ်ဦး သေဆုံးခဲ့ရကာ ဒေသခံလူထုအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မီးရှို့ခံခဲ့ရတဲ့ ရွာတွေကတော့ မိအိကြီးရွာ၊ စုစည်းရွာ၊ ဘောဓိကုန်းရွာ၊ မိအိကြီးရွာသစ်ကုန်း စတဲ့ ရွာတွေဖြစ်ကြတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာဒေသဖြစ်တဲ့ ထီးဒေးကရူနဲ့ ရှမ်းလယ်ပြင်ကရူဒေသတွေဘက်ကို ပြောင်းရွှေ့ရှောင်ရှားနေကြပြီး လူဦးရေ(၂၆၀၀)ကျော်ရှိကာ မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ ရိက္ခာအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။