Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကိုအသုံးချပြီး ပဋိပက္ခချုပ်ငြိမ်းဖို့ အာဆီယံအထူးကိုယ်စားလှယ်ဆန္ဒရှိနေ

အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် ခရီးစဉ်မတိုင်ခင်ရက်ပိုင်းအလိုမှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ထဲပို့ထားခဲ့ပါတယ်။

Photo: Rathany Than
Photo: Rathany Than

မြန်မာနိုင်ငံဆီ တတိယအကြိမ်မြောက် ခရီးစဉ်လာရောက်ဖို့အတွက် စီစဉ်နေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး ပဋိပက္ခတွေကို ချုပ်ငြိမ်းဖို့ ဆောင်ရွက်လိုကြောင်း အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆွန်ခွန်းက ပြောဆိုလိုက်ပါတယ်။

စင်ကာပူအခြေစိုက် CNA သတင်းဌာနဲ့ အင်တာဗျုးမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရက်ဆွန်ခွန်းက ထည့်သွင်းပြောခဲ့တာပါ။

တတိယအကြိမ်မြောက်ခရီးစဉ်ကို လာမယ့်စက်တင်ဘာလ ဒုတိယ ပတ်မှာ သွားရောက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

ခရီးစဉ်ကို စက်တင်ဘာလ ၁၃ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် ဖြစ်မြောက်အောင် မျှော်လင့်ထားတယ်လို့ ပရက်ဆွန်ခွန်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ခရီးစဉ် နှစ်ကြိမ်မှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။

အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် ခရီးစဉ်မတိုင်ခင်ရက်ပိုင်းအလိုမှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ထဲပို့ထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ကနေ မူလနေရာဆီ ပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချထားပါတယ်။

ပြီးခဲ့တဲ့ ခရီးစဉ်တွေမှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီစီစဉ်ပေးသူတွေနဲ့သာတွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။