Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကိုအသုံးချပြီး ပဋိပက္ခချုပ်ငြိမ်းဖို့ အာဆီယံအထူးကိုယ်စားလှယ်ဆန္ဒရှိနေ

အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် ခရီးစဉ်မတိုင်ခင်ရက်ပိုင်းအလိုမှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ထဲပို့ထားခဲ့ပါတယ်။

Photo: Rathany Than
Photo: Rathany Than

မြန်မာနိုင်ငံဆီ တတိယအကြိမ်မြောက် ခရီးစဉ်လာရောက်ဖို့အတွက် စီစဉ်နေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး ပဋိပက္ခတွေကို ချုပ်ငြိမ်းဖို့ ဆောင်ရွက်လိုကြောင်း အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆွန်ခွန်းက ပြောဆိုလိုက်ပါတယ်။

စင်ကာပူအခြေစိုက် CNA သတင်းဌာနဲ့ အင်တာဗျုးမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရက်ဆွန်ခွန်းက ထည့်သွင်းပြောခဲ့တာပါ။

တတိယအကြိမ်မြောက်ခရီးစဉ်ကို လာမယ့်စက်တင်ဘာလ ဒုတိယ ပတ်မှာ သွားရောက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

ခရီးစဉ်ကို စက်တင်ဘာလ ၁၃ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် ဖြစ်မြောက်အောင် မျှော်လင့်ထားတယ်လို့ ပရက်ဆွန်ခွန်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ခရီးစဉ် နှစ်ကြိမ်မှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။

အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် ခရီးစဉ်မတိုင်ခင်ရက်ပိုင်းအလိုမှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ထဲပို့ထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ကနေ မူလနေရာဆီ ပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချထားပါတယ်။

ပြီးခဲ့တဲ့ ခရီးစဉ်တွေမှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီစီစဉ်ပေးသူတွေနဲ့သာတွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။