Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးသူ ၂၀ခန့်ရှိဟု AA အသိပေး

ယင်းတိုက်ပွဲ၌ လက်နက်မျိုးစုံ ၂၅လက်ပါအဝင် ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Ktk Ula/FB
ဓာတ်ပုံ - Ktk Ula/FB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၂၀ခန့်ရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်း၏ Facebook မှတစ်ဆင့် အသိပေးသည်။

ဇူလိုင် ၁၈ရက် နံနက်က မောင်တောမြို့နယ် မြောက်ပိုင်း ၌ AAနှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရဲမှူးအပါအဝင် ၁၄ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း AAက ထုတ်ပြန်ထားပြီး ယနေ့တွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရာထူး၊ အမည်စာရင်း တို့ကို ဖော်ပြခဲ့သည်။

ယင်းတိုက်ပွဲ၌ လက်နက်မျိုးစုံ ၂၅လက်ပါအဝင် ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုသည် ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေရှိ AA တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။