Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ် မဟာမိတ်တပ်ပေါင်း စုများ ပူးပေါင်းတိုက်ခိုက်ပြီးနောက် နှစ်ရက်အတွင်းပြန်ဆုတ်ခွာသွား

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ဖြင့် ဇူလိုင်၁၈ ရက် နံနက် ၂ နာရီခန့်ကစ၍ မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

(အကြမ်းဖက်စစ်တပ်ဝင်ရောက်ပြီးနောက် ဖျက်ဆီးခဲ့သည့် လူနေအိမ်နှင့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(အကြမ်းဖက်စစ်တပ်ဝင်ရောက်ပြီးနောက် ဖျက်ဆီးခဲ့သည့် လူနေအိမ်နှင့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်းခုခံတိုက်ခိုက်ပြီးနောက် နှစ်ရက်အတွင်းပြန်လည်ဆုတ်ခွာ သွားကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ဖြင့် ဇူလိုင်၁၈ ရက် နံနက် ၂ နာရီခန့်ကစ၍ မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်ကြောင်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံပြီးနောက် ယမန်နေ့ (ဇူလိုင် ၂၀ ရက်)က မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မိုးဗြဲPDFက နယ်မြေရှင်းလင်းရေးလုပ် ဆောင် ခဲ့ကြောင်း အသိပေးသည်။

(အကြမ်းဖက်စစ်တပ်ဝင်ရောက်ပြီးနောက် ဖျက်ဆီးခဲ့သည့် လူနေအိမ်နှင့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(အကြမ်းဖက်စစ်တပ်ဝင်ရောက်ပြီးနောက် ဖျက်ဆီးခဲ့သည့် လူနေအိမ်နှင့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – MBPDF)

အရပ်သားပြည်သူများရှိရာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် မြို့ပေါ် ၌ရှိနေစဥ် နှစ်ရက်အတွင်း ၎င်းတို့ တပ်စွဲရာနေရာများရှိ အရပ်သား ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ခိုးယူခြင်းများ ကျူးလွန်ခဲ့ကြောင်း မိုးဗြဲPDFက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ထိတွေ့မှုဖြစ်ပွားရာ နေရာများအပြင် အခြားလူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်၏ အဆင်ခြင်မဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ် သား နေအိမ် တစ်လုံး မီးလောင်မှု၊ နေအိမ်အချို့ပျက်ဆီးမှုနှင့် အရပ်သားအမျိုးသား တစ်ဦး လက်နက်ကြီး ထိမှန်မှုတို့ဖြစ်ခဲ့သည်။

လက်ရှိစစ်ရေးအခြေအနေအရ မိုးဗြဲဒေသတွင် နေထိုင်သူပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သည် အချိန်အခါမရွေး စစ်ကြောင်းထိုး လာနိုင်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိကြီးစွာဖြင့် ဂရုတစိုက် နေထိုင်ကြရန် PDF က တိုက်တွန်းသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှလည်း ပြည်သူ့ဘေးကင်း လုံခြုံမှုအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကတိပြုထားသည်။

ဝါရီဆူးပလိုင်၊ နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံး ကို စစ်ရေးအရ ထောက်ပို့နိုင်ရန် မိုးဗြဲမြို့ကို စနစ်တကျအထိုင်ချနိုင်ရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေခြင်းဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၁၈ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃ က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook