Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီတပ်ကိုတစ်ရက်တည်းမိုင်း​လေးကြိမ်ခွဲတိုက်ခိုက်ရာ ၁၄ဦးခန့်သေနိုင်ဟုCHUPDFထုတ်ပြန်

ဇူလိုင် ၁၉ ရက်တွင်ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မန္တ​လေး-မုံရွာကားလမ်း​ပေါ်တွင် ပြည်သူ့ကားများဖြတ်သန်းသွားလာခြင်းမပြုရန် အရး​ပေါ်သတိ​ပေးချက်ထုတ်ပြန်ပြီး စစ်​ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မိုင်းထိပျက်စီးသွားသော အောင်ချမ်းသာဇရပ်။ ဓါတ်ပုံ-CHU PDF)
(မိုင်းထိပျက်စီးသွားသော အောင်ချမ်းသာဇရပ်။ ဓါတ်ပုံ-CHU PDF)

မုံရွာ-မန္တလေးလမ်း ပေါ်တွင်စစ်ကောင်စီတပ်အား တစ်ရက်ထဲ လေးကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးစစ်သား ၁၄ ဦးခန့်သေ​ဆုံးနိုင်ကြောင်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDFက ယနေ့သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းကစစ်ကိုင်းတိုင်း မုံရွာမြို့မှ ချောင်းဦးမြို့သို့ ထွက်ခွာလာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းနှင့် ကားတစ်စီးအား ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြား၌ CHU PDF တပ်ခွဲ (၁) နှင့် တပ်ခွဲ( ၄) မိုင်းတပ်ခွဲ၏ ရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးကြောင်း​ဖော်ပြထားသည်။ မိုင်းထိခဲ့သည့် ကားမှာ ပျက်စီးသွားပြီး ကရိန်းဖြင့် ဆွဲယူသွားကြောင်းသိရသည်။

ဒဏ်ရာရရှိသူများကိုလူနာတင်ယာဥ်နှစ်စီးဖြင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ စစ်ဆေးရုံသို့ ပို့ဆောင်သွားသည်ဟုပါရှိသည်။

ထို့အပြင် ဇူလိုင်၁၉ ရက် နေ့လယ်ပိုင်းတွင်လည်း အောင်ချမ်းသာဇရပ်ပေါ်၌ စုထိုင်ကာနားနေကြသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ဦးကို Chu PDF တပ်ခွဲ ၄ မိုင်းတပ်ခွဲ၏ ရဲဘော်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးလုံးသေဆုံးသွားကြောင်းဆိုသည်။ထိုအလောင်း ၆ လောင်းနှင့်လက်နက်များအား နံဘေးရှိ ကားလမ်းပေါ်မှ အကြမ်းဖက်စစ်သား ၁ဝ ဦးခန့်က လာကောက်ချိန်တွင်ဇရပ်အနီး၌ ရှေ့ထွက်မိုင်း ၃လုံးဖြင့်ထပ်မံ​ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း CHU PDFက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူနေ့လယ်ပိုင်းတွင်ပင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကား ၁၄ စီးကို ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် CHU P​DF တပ်ခွဲ ၄ မိုင်းတပ်ခွဲ၏ ရဲဘော်များက ပဒေသာမိုင်း၂လုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း၊ တိုက်ခိုက်ခဲ့သည့်နေရာတွင် သွေးကွက်များနှင့် ကားမှန်အပိုင်းအစများ တွေ့ရှိရကြောင်းထုတ်ပြန်ခဲ့သည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ CHU PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင် ၁၉ ရက်တွင်ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မန္တ​လေး-မုံရွာကားလမ်း​ပေါ်တွင် ပြည်သူ့ကားများဖြတ်သန်းသွားလာခြင်းမပြုရန် အရး​ပေါ်သတိ​ပေးချက်ထုတ်ပြန်ပြီး စစ်​ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။