Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နှင့်ဆက်နွှယ်သော Lotte ဟိုတယ်၌ ဩစတြေးလျသံရုံး ဒေါ်လာ ငါးသိန်းကျော် သုံးစွဲထား၊ Lotte ကို သပိတ်မှောက်ရန် JFM တောင်းဆို

LOTTE ဟိုတယ်နှင့် ဟိုတယ်ဝန်ဆောင်မှုတိုက်ခန်းများကို မြန်မာစစ်တပ်​၏ စစ်ထောက်ချုပ်ရုံးက ဘီအိုတီ (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း) သဘောတူညီမှုဖြင့် ငှားရမ်းထားသော မြေနေရာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။

(ရန်ကုန်ရှိ LOTTE ဟိုတယ်)
(ရန်ကုန်ရှိ LOTTE ဟိုတယ်)

မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့်ဆက်နွှယ်သော Lotte ဟိုတယ်တွင် ဩစတြေးလျသံရုံးက အမေရိကန်ဒေါ်လာ ငါးသိန်းကျော်သုံးစွဲခဲ့ပြီး Lotte ဟိုတယ်ကို သပိတ်မှောက်ရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ ဩစတြေးလျသံရုံးသည် စစ်တပ်နှင့် ဆက်နွယ်နေသော LOTTE ဟိုတယ်နှင့် ဟိုတယ် အဆင်မြင့်ဝန်ဆောင်မှုပါသည့် တိုက်ခန်းများတွင် နေထိုင်စရိတ်၊ အစားအသောက်နှင့် အခြားဝန်ဆောင်မှုများအတွက် အမေရိကန် ဒေါ်လာ ၅၂၅,၄၇၃ သုံးစွဲထားသည်ကို JFM က ဖော်ထုတ်တွေ့ရှိခဲ့သည်။

သတင်းအချက်အလက်လွတ်လပ်စွာသိရှိခွင့် အက်ဥပဒေအရ ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက အဆိုပါအသုံးစရိတ်များကို Justice For Myanmar ထံ ထုတ်ဖော်ပြောကြားပေးခဲ့ခြင်းဖြစ်သည်။

“LOTTE ဟိုတယ်နဲ့ အခြားသောစစ်တပ်ဆက်နွယ်ကုမ္ပဏီအားလုံးနဲ့ ဩစတြေးလျနိုင်ငံရဲ့ စီးပွားရေးပက်သက်ဆက်နွယ်မှုကို ချက်ချင်းအဆုံးသတ်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းကို ကျွန်မတို့ တောင်းဆိုပါတယ်။ ဒါကို လုပ်ဆောင်ခဲ့သင့်တာ ကြာပြီ ဖြစ်ပါတယ်။ စစ်တပ်စီးပွားရေး အကျိုးစီးပွားတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရမယ့်အစား ဩစတြေးလျနိုင်ငံက သူတို့အကျိုးအမြတ် ရရှိဖို့ ကူညီပေးနေတာ ဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ဩစတြေးလျသံရုံး​၏ အသုံးစရိတ်များတွင် အမေရိကန်ဒေါ်လာ ၃၁.၅၀ တန် ချောကလက် ခရင်ကိတ်တစ်ခုမှ အင်းယားကန်ရှုခင်းပါ ဇိမ်ခံလူနေခန်းအတွက် လစဉ် အမေရိကန်ဒေါ်လာ ၇,၁၀၀ အထိ ပါဝင်သည်ကို တွေ့ရသည်။

LOTTE ဟိုတယ်နှင့် ဟိုတယ်ဝန်ဆောင်မှုတိုက်ခန်းများကို မြန်မာစစ်တပ်​၏ စစ်ထောက်ချုပ်ရုံးက ဘီအိုတီ (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း) သဘောတူညီမှုဖြင့် ငှားရမ်းထားသော မြေနေရာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။

စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

LOTTE ဟိုတယ် ရင်းနှီးမြှုပ်နှံသူများက နှစ်စဉ်ငှားရမ်းခအတွက် အမေရိကန်ဒေါ်လာ ၁.၈၇၄ သန်း နှင့် မြေအသုံးချမှုပရီမီယံကြေး အမေရိကန်ဒေါ်လာ ၁၃.၅၁ သန်းကို စစ်ထောက်ချုပ်ရုံးကို ပေးဆောင်နေရသည်ဟု Distributed Denial of Secrets က ထုတ်ပြန်ထားသည်။

နှစ် ၇၀ ငှားရမ်းမှုသက်တမ်းကုန်ဆုံးချိန်တွင်လည်း ဟိုတယ်နှင့် လူနေတိုက်ခန်းများကို စစ်တပ်ထံ လွှဲပြောင်းပေးအပ်မည်ဖြစ်၍ စစ်တပ်ကို အကျိုးအမြတ်အလွန်များပြားသည့် အနာဂတ်ပိုင်ဆိုင်မှု တစ်ရပ်ကို ပေးနေခြင်းဖြစ်ကြောင်း JFM က ထောက်ပြသည်။

ထို့အပြင် မြန်မာစစ်ကောင်စီ​၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ငွေကြေးပံ့ပိုးနေသော အခွန်ငွေစီးကြောင်းကို ဖြတ်တောက်ရန်၊ မြန်မာစစ်ကောင်စီနှင့် ၎င်းတို့​၏ စီးပွားရေး လုပ်ငန်းများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့်အရေးတကြီးအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် မြန်မာနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၆၈၈ ဖွဲ့တို့က ထပ်မံ တိုက်တွန်း တောင်းဆိုသည်။

“စီးပွားရေးလုပ်ငန်းတွေ၊ တစ်သီးပုဂ္ဂလတွေ၊ အစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေအနေနဲ့ LOTTE ဟိုတယ်နဲ့ စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ အခြား စီးပွားရေးလုပ်ငန်းအားလုံးကို သပိတ်မှောက်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” ဟု မရတနာမောင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။