Connect with us

Hi, what are you looking for?

သတင်း

ဗဟိုဘဏ်ရဲ့ ဝန်ထမ်းအကြီးပိုင်းနေရာမှာ စစ်တပ်အရာရှိတွေကို စစ်ကောင်စီခန့်အပ်

အဲဒီအပြောင်းအရွှေ့ကို ပြီးခဲ့တဲ့ ဇွန်လ ပထမ ရက်သတ္တပတ်က စစ်ကောင်စီက လုပ်ခဲ့တာပါ။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ကိုလည်းထိန်းချုပ်ခဲ့ပါတယ်။

People's Spring
People's Spring

အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ပြောင်းပြန်လှန်လိုက်သလိုဖြစ်နေချိန်မှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၆ ဦးကို ဒုတိယညွှန်ကြားရေးမှူးအဆင့်နဲ့ ဗဟိုဘဏ်ဆီ စစ်ကောင်စီက ထည့်လိုက်ပါတယ်။

အဲဒီအပြောင်းအရွှေ့ကို ပြီးခဲ့တဲ့ ဇွန်လ ပထမ ရက်သတ္တပတ်က စစ်ကောင်စီက လုပ်ခဲ့တာပါ။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ကိုလည်းထိန်းချုပ်ခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ အကြီးပိုင်းနေရာတွေမှာ စစ်ကောင်စီက သူတို့လိုလားသူတွေနဲ့ ပြင်ဆင်ဖွဲ့စည်းပါတယ်။ ဒါအပြင် NLD အရပ်သားအစိုးရလက်ထက်က ဗဟိုဘဏ်အကြီးအကဲ အချို့ကိုလည်း ဖမ်းဆီးတရားစွဲဆိုတာတွေ လုပ်ပါသေးတယ်။

ဗဟိုဘဏ်ရဲ့ အဓိက ရည်မှန်းချက်ဟာ ဈေးနှုန်းတွေ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ ကျပ်ငွေ တန်ဖိုးခိုင်ခံတည်မြဲစေဖို့ ဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။