Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား မဟာမိတ်လေးဖွဲ့ ဝင်ရောက်တိုက်ခိုက်

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး အော်တို သေနတ်၊ (၄၀)မမ၊ နှင့်စနိုက်ပါတို့ကို အသုံးပြုကာ နေရာခွဲ၍တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။

Young Force(UG) ၏ ရဲဘော်များ စစ်ဆင်ရေးတစ်ခု သွားရောက်နေစဥ်၊ ဓာတ်ပုံ - Young Force UG
Young Force(UG) ၏ ရဲဘော်များ စစ်ဆင်ရေးတစ်ခု သွားရောက်နေစဥ်၊ ဓာတ်ပုံ - Young Force UG

ပျူစောထီး နှစ်ဦးသေဆုံးကြောင်း Young Force (UG)ပြော

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ရွာရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်လေးဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တွင် ပျူစောထီး နှစ်ဦး သေဆုံးခဲ့ကြောင်း Young Force (UG)အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ညနေပိုင်းက အရှေ့ဘုန်းကန်ရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ရေစကြိုမြို့အခြေစိုက် Southern (Yso)၊ မြိုင်မြို့အခြေစိုက်သံမဏိသိမ်းငှက် (မြိုင်)နှင့် ပခုက္ကူမြို့ အခြေစိုက်Ranger (PKU)၊Young Force (UG)၊Rso (pku)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပျူနှစ်ဦး သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ “အာဇာနည်နေ့က အရှေ့ဘုန်းကန်ပွဲမှာ ပျူနှစ်ကောင် မုန့်ဟင်းခါးဖြစ်ပြီး ငါးကောင် ဒဏ်ရာရတယ်။ တစ်ကောင်လည်း ထပ်ဖြစ်ဖို့ ရှိတယ်လို့သိရပါတယ်။ ခုမြို့ပေါ်က (စကစ)နဲ့ တပ်ချင်းနေရာ ချိန်းထားတယ်လို့ သိရှိရပါတယ်။”ဟု Young Force (UG)က ထပ်မံ အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအတွက် ကျည်အတောင့်၂၁၀နှင့် (၄၀)မမ ကျည် ငါးခု အတွက် စုစုပေါင်း ၁,၉၈၅,၀၀၀ကျပ် ကုန်ကျခဲ့သည်ဟု ဆိုသည်။ ပြည်သူ့ရဲဘော်တစ်ဦး လက်ထိဒဏ်ရာရခဲ့ သော်လည်း မစိုးရိမ်ရကြောင်း Young Force (UG)က ပြောသည်။

Public Service Announcement

Public Service Announcement

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး အော်တို သေနတ်၊ (၄၀)မမ၊ နှင့်စနိုက်ပါတို့ကို အသုံးပြုကာ နေရာခွဲ၍တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်