Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာမီးလိုက်ဖြတ်တဲ့ စစ်ကောင်စီကား တိုက်ခိုက်ခံရ

ပေါက်ကွဲမှုဖြစ်ချိန်မှာ လမ်းသွားလမ်းလာ သံဃာတစ်ပါးလည်း ထိခိုက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့သိရပါတယ်။

People's Spring
People's Spring

ဒီနေ့မနက်ပိုင်း ၉ နာရီခန့်က မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့မှာ မီးလိုက်ဖြတ်တဲ့ စစ်ကောင်စီရဲ့ ကား တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

စစ်ကောင်စီရဲ့ကားဟာ ပုသိမ်ကြီးမြို့ထဲကိုအဝင် ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်း အနီးအနားမှာ ဗုံးနဲ့ တိုက်ခိုက်ခံရတာပါ။

ပေါက်ကွဲမှုဟာ ၂ ကြိမ်ဖြစ်ခဲ့တာဖြစ်ပြီး EPC ဝန်ထမ်း ၊ ယာဉ်မောင်းနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒဏ်ရာရသွားပါတယ်။

ပေါက်ကွဲမှုဖြစ်ချိန်မှာ လမ်းသွားလမ်းလာ သံဃာတစ်ပါးလည်း ထိခိုက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူတွေကိုစစ်ကောင်စီက မန္တလေးနန်းတွင်းဆေးရုံကိုသယ်ဆောင်ကာကုသမှုပေးနေတယ်လို့လည်းသိရပါတယ်

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

Facebook