Connect with us

Hi, what are you looking for?

သတင်း

ရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာထူထောင်ဖို့ KFD ကူညီ

ဇူလိုင် ၁၃ ကနေ ၁၅ ရက်အထိ ၃ ရက်အတွင်း တမဲကလိုးနဲ့သဲဖိုးကလိုးကျေးရွာတွေမှာ ကူညီဆောင်ရွက်ခဲ့တာပါ။

ရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာထူထောင်ဖို့ KFD ကူညီ
ရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာထူထောင်ဖို့ KFD ကူညီ

ကော်သူးလေသစ်တောဌာန(KFD) က ကေအဲန်ယူ-ဒူးသထူခရိုင်ရှိကျေးရွာနှစ်ရွာမှာ ရေဝေရေလဲဧရိယာနှစ်ခုထူထောင်ဖို့ ရပ်ရွာလူထုကို ပံ့ပိုးကူညီခဲ့တယ်လို့ KFD က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၃ ကနေ ၁၅ ရက်အထိ ၃ ရက်အတွင်း တမဲကလိုးနဲ့သဲဖိုးကလိုးကျေးရွာတွေမှာ ကူညီဆောင်ရွက်ခဲ့တာပါ။

ရေဝေရေလဲဧရိယာတွေကို အကာအကွယ်ပေးခြင်းဖြင့် ရပ်ရွာလူထုတွေဟာ သူတို့ရဲ့ မျိုးဆက်တွေသာမက အနာဂတ်မျိုးဆက်တွေအတွက်ပါ လတ်ဆတ်သန့်ရှင်းတဲ့ရေကို ရရှိလာနိုင်မှာဖြစ်တယ်လို့ KFD က ဆိုထားပါတယ်။

အစဉ်အဆက် ဒေသခံနဲ့ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ ရေဝေရေလဲဒေသကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ စီမံခန့်ခွဲ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိတယ်လို့ KFD က ပြောကြားထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook