Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရေတွင်းထဲ ပစ်ချခံရသည့် ညီအစ်ကိုနှစ်ဦး၏အရိုးများကို Free Burma Ranger အဖွဲ့ ဆယ်ယူပေး

Free Burma Ranger သည်ကရင်နှင့်ကရင်နီပြည်နယ်တွင်စစ်​​ဘေးဒုက္ခသည်များကို အ​ရေး​ပေါ်ကျန်းမာ​ရေး​စောင့်​ရှောက်မှုနှင့်ကယ်ဆယ်​ရေးလုပ်ငန်းများတွင်ကူညီ​ပေးန​သောအဖွဲ့ဖြစ်သည်။

(စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ပြီး​ရေတွင်းထဲပစ်ချခံခဲ့ရ​သောညီအစ်ကိုနှစ်ဦး၏ အရိုးများကို Free Burma Ranger ကဆယ်ယူပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-Free Burma Ranger)
(စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ပြီး​ရေတွင်းထဲပစ်ချခံခဲ့ရ​သောညီအစ်ကိုနှစ်ဦး၏ အရိုးများကို Free Burma Ranger ကဆယ်ယူပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-Free Burma Ranger)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ဖမ်းဆီးပြီး သတ်ဖြတ်ကာ ရေတွင်းထဲ ပစ်ချခဲ့သည့် ဒေသခံညီအစ်ကို ၂ဦး၏ အရိုးများကို ဆယ်ယူပေးခဲ့ကြောင်း Free Burma Ranger အဖွဲ့က ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်တွင် ယခုနှစ် ဖေဖော်ဝါရီလက ရွာသား ၄ဦး ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များပြန်လာယူရန် ရွာထဲပြန်ရောက်ချိန် စစ်ကောင်စီတပ်နှင့် တွေ့ဆုံပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။

​ဒေသခံ​လေးဦးအနက် ၂ဦးကိုဖမ်းဆီသတ်ဖြတ်၍အိမ်သာကျင်းထဲပစ်ချခဲ့ပြီး ကျန်နှစ်ဦးကိုလည်းသတ်၍ ပေ ၄၀ အနက်ရှိတဲ့ရေတွင်းထဲ ပစ်ချခဲ့ရာ ရေတွင်းထဲပစ်ချခံရသူ ၂ဦးသည် ညီအကိုများ ဖြစ်သည်ဟုဖော်ပြထားသည်။

“ကျန်မိသားစုနဲ့ ရွာသူရွာသားတွေ ပျောက်လို့ အဲ့ဒေသမှာရှိနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ ပြန်လိုက်ရှာရာ ၃ ပတ်အကြာမှ ပြန်တွေ့လို့ ကြိုးစားပြန်ဆယ်ယူပေမဲ့ အဝတ်အစားနဲ့ အရိုးအချို့သာဆယ်ယူရရှိပြီး ကောင်းမွန်စွာမြေမြှုပ်သဂြိုလ်ပေးလိုက်တယ်။ ၅လအကြာမှဖမ်းဆီးခံရပြီးရက်ရက်စက်
စက်အသတ်ခံခဲ့ရတဲ့ ညီအစ်ကို ၂ ယောက်ရဲ့မိသားစုနဲ့ပြန်တွေ့တော့ ရေတွင်းထဲကျန်ရှိနေသေးတဲ့ အရိုးတွေကိုပြန်ဆယ်ယူဖို့ အကူအညီတောင်းလာလို့ ဒေသခံကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ ရဲ့အကူအညီနဲ့ ရေစုပ်ထုတ်ပြီး ကျန်အရိုးစုဖြစ်တဲ့ ခေါင်းခွံ ၂ လုံးကို ဆယ်ယူရရှိခဲ့တယ်” ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဆယ်ယူမှုကိုFree Burma Ranger တည်ထောင်သူ ဒါရိုက်တာ Dave Eubank ကိုယ်တိုင် ဆင်းပြီးဆယ်ယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Free Burma Ranger သည်ကရင်နှင့်ကရင်နီပြည်နယ်တွင်စစ်​​ဘေးဒုက္ခသည်များကို အ​ရေး​ပေါ်ကျန်းမာ​ရေး​စောင့်​ရှောက်မှုနှင့်ကယ်ဆယ်​ရေးလုပ်ငန်းများတွင်ကူညီ​ပေးန​သောအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။