Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောက်စီတပ် မိုးထိ၍ ငါးဦးသေ၊ ရှစ်ဦးဒဏ်ရာရဟုဆို

ယမန်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဇီးပင်လယ်ရွာသို့ အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး မီးရှို့ဖျက်စီးသွားကာ နေအိမ်များမွှေနှောက်၍ ပစ္စည်းအချို့ ခိုးယူခံခဲ့ရကြောင်းလည်း Danger Force LPDF ဆို သည်။

(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲခဲ့ပြီးနောက် တွေ့ရစဥ်)
(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲခဲ့ပြီးနောက် တွေ့ရစဥ်)

အရာတော်မြို့နယ် ဇီးပင်လယ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ယာဉ်နှစ်စီး မိုင်းထိ၍ ငါးဦးသေဆုံးပြီး ရှစ်ဦးခန့်မ ထိခိုက်မှုရှိကြောင်း Danger Force LPDF က ယနေ့ (ဇူလိုင် ၂၅ ရက်)တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာမည်ဟု ကြိုတင်သတင်းရရှိသဖြင့် စလစ်မိုင်း (၅) လုံး၊ တူမီးရှေ့ထွက် (၂)လုံးဖြင့် စောင့်ဆိုင်းကာ ကျောက်ပျောက်ရွာ နှင့် ဇီးပင်လယ်ရွာအကြားတွင် ယမန်နေ့ နံနက် ၄ နာရီ ၅၆ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါမိုင်းဆွဲ တိုက်ခိုက်မှုအပြီးတွင် ယာဉ်တစ်စီးမှာကားမှန်များကွဲ၍ ထိခိုက်ပျက်စီးခဲ့ပြီး မြေ ပြင်သတင်းအရ ကားနှစ်စီးအနက် ဒုတိမြောက် ယာဥ်ပေါ်ပါသည့် စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးကာ ရှစ်ဦးခန့် ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။

(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲခဲ့ပြီးနောက် တွေ့ရစဥ်)
(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲခဲ့ပြီးနောက် တွေ့ရစဥ်)

သေဆုံးသော စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရရှိသွားသူများကို နာရေးကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်းလည်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စခ တွေ အတိုက်ခံလိုက်ရတော့ ဇီးပင်လယ်ထဲ သိပ်ကြာကြာမနေရဲဘဲ ပြန်ထွက်သွားကြတယ်။မိုင်းထိတာတော့သေချာတယ်”အရာတော်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲခဲ့ပြီးနောက် တွေ့ရစဥ်)
(အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲခဲ့ပြီးနောက် တွေ့ရစဥ်)

ယမန်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဇီးပင်လယ်ရွာသို့ အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး မီးရှို့ဖျက်စီးသွားကာ နေအိမ်များမွှေနှောက်၍ ပစ္စည်းအချို့ ခိုးယူခံခဲ့ရကြောင်းလည်း Danger Force LPDF ဆို သည်။

စစ်ဆင်ရေးကို Danger Force LPDF မှဦးဆောင်၍ MRTF တပ်ဖွဲ့၊BRTF တပ်ဖွဲ့၊Aya daw Bone Naing (ABN-PDF)၊သပြေညို ပြောက် ကျားတပ်ဖွဲ့၊ Ayadaw Falcon Force (AF2)၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့နှငိ့ AMT မြေပြင် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။