Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပိုပြီးအထီးကျန်လိမ့်မယ်လို့ ဂျပန်နိုင်ငံခြားဝန်ကြီးသတိပေး

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်းတောင်းဆိုထားပါတယ်။

ဓာတ်ပုံ − BLOOMBERG
ဓာတ်ပုံ − BLOOMBERG

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ကွပ်မျက်တဲ့လုပ်ရပ်ကြောင့် မြန်မာဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပိုပြီးအထီးကျန်လာလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒီကွပ်မျက်မှုဟာ မြန်မာနိုင်ငံက အခြေအနေတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်နဲ့လည်း ဆန့်ကျင်ရာရောက်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီဟာ ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်တယ်လို့ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ကြေညာလာတာပါ။

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်းတောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။