Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပိုပြီးအထီးကျန်လိမ့်မယ်လို့ ဂျပန်နိုင်ငံခြားဝန်ကြီးသတိပေး

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်းတောင်းဆိုထားပါတယ်။

ဓာတ်ပုံ − BLOOMBERG
ဓာတ်ပုံ − BLOOMBERG

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ကွပ်မျက်တဲ့လုပ်ရပ်ကြောင့် မြန်မာဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပိုပြီးအထီးကျန်လာလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒီကွပ်မျက်မှုဟာ မြန်မာနိုင်ငံက အခြေအနေတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်နဲ့လည်း ဆန့်ကျင်ရာရောက်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီဟာ ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်တယ်လို့ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ကြေညာလာတာပါ။

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်းတောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။