Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများအား ထိရောက်စွာအားပေးကူညီပံ့ပိုးရေး နိုင်ငံတကာကို CRPH တိုက်တွန်း

ထို့အပြင် လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူဆောင်ရွက်နိုင်ရေး မြန်မာပြည်သူလူထုနှင့် အတူ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြသည်။

CRPH
CRPH

အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူ ဆောင်ရွက်နိုင် ရေး ဆက်လက်ကြိုးပမ်းမည်ဟုဆို

ဒီမိုကရေစီထိန်းသိမ်းကာကွယ်ရန် စစ်အာဏာရှင်များကို ဆန့်ကျင်တိုက်ပွဲဝင် နေကြသည့် မြန်မာပြည်သူများအား ထိရောက်စွာ အားပေးကူညီပံ့ပိုးရေး နိုင်ငံတကာအသိုက်အဝန်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က တိုက်တွန်းလိုက်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အပေါ် အကြမ်းဖက် စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချပြီး ၎င်းတို့၏ မိသားစုဝင်များ၊ မြန်မာပြည်သူလူထုတို့နှင့်အတူ များစွာ ဝမ်းနည်းကြေကွဲရကြောင်း CRPH က ယနေ့ထုတ်ပြန်သည်။

CRPH
CRPH

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဥပဒေမဲ့ အာဏာလုယူထားသည့် အကြမ်းဖက်လူသတ် စစ်အုပ်စုအား သက်ဆိုးရှည်စေမည့် မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးမျှ လက်တွဲလုပ်ဆောင် ခြင်းမပြုဘဲ ပိုမိုထိရောက်သော သံတမန်ရေး၊ စီးပွားရေး ဖိအားပေးမှုတို့ကို တိုးမြှင့်လုပ်ဆောင်သွား ရန် တိုက်တွန်းသည်။

နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်ဆောင်ရွက်ချက်တို့သည် မြန်မာပြည်သူ တို့၏ အသက်ပေါင်း များစွာကို ကယ်တင်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းသည် ကမ္ဘာ့ နိုင်ငံများက ဒီမိုကရေစီအား မည်မျှ တန်ဖိုးထားသည်ကိုလည်း သက်သေပြခြင်းပင်ဖြစ်သည်ဟု CRPH က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေး အရေးယူဆောင်ရွက်နိုင်ရေး မြန်မာပြည်သူလူထုနှင့် အတူ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်