Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နတ္တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်အားမိုင်းဆွဲတိုက်ခိုက်သုံးဦးသေ၊ အများအပြားဒဏ်ရာရ

အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ကြက်မနက်ရွာ၌တပ်စွဲထားစဥ် ဇူလိုင် ၂၃ ရက်နေ့လည်ပိုင်းက တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

(မိုင်းဆွဲတိုက်ခိုက်ခဲ့​သော​နေရာ ။ ဓါတ်ပုံ-PhoenixDF)
(မိုင်းဆွဲတိုက်ခိုက်ခဲ့​သော​နေရာ ။ ဓါတ်ပုံ-PhoenixDF)

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ် အရှေ့ခြမ်းရှိကျေးရွာများသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF က ယနေ့(ဇူလိုင် ၂၅)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်က နတ္တလင်းမြို့နယ် ကြက်မနက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်း ကရင်ဆင်ဆွဲကျေးရွာဘက်တက်လာစဥ် ပဒေသာမိုင်းများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွား၍ လာရာလမ်းအတိုင်း ကြက်မနက်ရွာသို့ ပြန်ဆုတ်သွားကာ ၎င်းရွာမှ အမျိုးသားအချို့ကို ပေါ်တာဆွဲပြီး အလောင်းများထမ်းခိုင်းခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရသွားသူများတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးပါးဝင်သည်ဟု နောက်ဆက်တွဲသိရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ကြက်မနက်ရွာ၌တပ်စွဲထားစဥ် ဇူလိုင် ၂၃ ရက်နေ့လည်ပိုင်းက တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။