Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်အားမိုင်းဆွဲတိုက်ခိုက်သုံးဦးသေ၊ အများအပြားဒဏ်ရာရ

အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ကြက်မနက်ရွာ၌တပ်စွဲထားစဥ် ဇူလိုင် ၂၃ ရက်နေ့လည်ပိုင်းက တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

(မိုင်းဆွဲတိုက်ခိုက်ခဲ့​သော​နေရာ ။ ဓါတ်ပုံ-PhoenixDF)
(မိုင်းဆွဲတိုက်ခိုက်ခဲ့​သော​နေရာ ။ ဓါတ်ပုံ-PhoenixDF)

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ် အရှေ့ခြမ်းရှိကျေးရွာများသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF က ယနေ့(ဇူလိုင် ၂၅)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်က နတ္တလင်းမြို့နယ် ကြက်မနက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်း ကရင်ဆင်ဆွဲကျေးရွာဘက်တက်လာစဥ် ပဒေသာမိုင်းများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွား၍ လာရာလမ်းအတိုင်း ကြက်မနက်ရွာသို့ ပြန်ဆုတ်သွားကာ ၎င်းရွာမှ အမျိုးသားအချို့ကို ပေါ်တာဆွဲပြီး အလောင်းများထမ်းခိုင်းခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရသွားသူများတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးပါးဝင်သည်ဟု နောက်ဆက်တွဲသိရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ကြက်မနက်ရွာ၌တပ်စွဲထားစဥ် ဇူလိုင် ၂၃ ရက်နေ့လည်ပိုင်းက တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။