Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ဆိုးအောက်တွင်တစ်ရက်မျှပင်မနေထိုင်လိုသည့် မြန်မာပြည်သူများ၏ဆန္ဒကို လေးစားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာဝန်ကြီး အမန်ဒါမေးလ်လင်းကလည်း စစ်တပ်၏ သေဒဏ်ပေးကွပ်မျက်မှုမှာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်သည့် လုပ်ရပ်ဟု ထုတ်ပြန်ပြောဆိုသည်။

●စစ်တပ်၏ သေဒဏ်ပေးကွပ်မျက်မှုမှာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်သည့် လုပ်ရပ်ဟု ဗြိတိန်အာရှရေးရာဝန်ကြီးပြော

စစ်အာဏာရှင်စနစ်ဆိုးအောက်တွင် တစ်ရက်မျှပင် မနေထိုင်လိုသည့် ဒီမိုကရေစီလိုလားတောင့်တနေသော ပြည်သူများ၏ဆန္ဒကို လေးစားရန် စစ်အာဏာရှင်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်သည်။

မိမိတို့၏ အခြေခံကျသောလွတ်လပ်ခွင့်များကိုကျင့်သုံးသည့်အတွက် ဒီမိုကရေစီလိုလားသောတက်ကြွလှုပ်ရှားသူများနှင့် ရွေးကောက်ခံခေါင်းဆောင်များဖြစ်သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်ခဲ့ခြင်းအပေါ် အမေရိကန်ပြည်ထောင်စုမှ အပြင်းထန်ဆုံးသောရှုတ်ချမှုဖြင့် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ထုတ်ပြန်သည်။

“စစ်အာဏာရှင်အဖွဲ့၏ ဟန်ပြတရားစီရင်မှုများနှင့် ယခုကွပ်မျက်မှုများသည် ဒီမိုကရေစီ ဆိတ်သုဥ်းစေရန် ဗြောင်ကျကျကြိုးပမ်းမှုများဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှုများဖြင့် ရဲရင့်သော မြန်မာပြည်သူများ၏ စိတ်ဓါတ်ကို မည်သည့်အခါမှ ချိုးနှိမ်နိုင်မည် မဟုတ်ပါ” ဟု ဝန်ကြီး အန်တိုနီဘလင်ကန်က ပြောသည်။

ယခုကဲ့သို့ အများကမေးငေါ့အပြစ်တင်သည့် အကြမ်းဖက်လုပ်ရပ်များက အာဏာရှင်အဖွဲ့အစည်းသည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို လုံးဝဂရုမထားကြောင်း သာဓကပြနေ သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်သည်။

Public Service Announcement

Public Service Announcement

အမေရိကန်သည် လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ထပ်လောင်းကတိပြုသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုမှ စပြီး စစ်အာဏာရှင်အဖွဲ့အစည်းသည် အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သတင်းထောက်များအပါအဝင် လူပေါင်း ၂,၁၀၀ ကျော်ကို သတ်ဖြတ်ခြင်း၊ လူပေါင်း ၇၀၀,၀၀၀ကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်းနှင့် ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းခြင်းများဖြင့် မိမိ၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်ဆိုးအောက်တွင်တစ်ရက်မျှပင်မနေထိုင်လိုသည့် မြန်မာပြည်သူများ၏ဆန္ဒကို လေးစားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
စစ်အာဏာရှင်စနစ်ဆိုးအောက်တွင်တစ်ရက်မျှပင်မနေထိုင်လိုသည့် မြန်မာပြည်သူများ၏ဆန္ဒကို လေးစားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာဝန်ကြီး အမန်ဒါမေးလ်လင်းကလည်း စစ်တပ်၏ သေဒဏ်ပေးကွပ်မျက်မှုမှာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်သည့် လုပ်ရပ်ဟု ထုတ်ပြန်ပြောဆိုသည်။

“လွတ်လပ်မှုတွေ၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို ရရှိဖို့ မြန်မာပြည်သူလူထုဟာ ရဲစွမ်းသတ္တိရှိရှိ နဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ပြီးကြိုးစားတွန်းလှန်နေမှုတွေကို ရင်ဆိုင်နေရချိန်မှာ အဆိုပါလုပ်ရပ်က စစ်အာဏာရှင်ရဲ့ သွေးပျက်နေမှုအခြေအနေကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်တယ်” ဟု အမန်ဒါမေးလ်လင်းက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်