Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတရားသေဒဏ်စီရင်ချမှတ်သည့် စစ်ကောင်စီလုပ်ရပ်အပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသေဒဏ်စီရင်ချမှတ်ခြင်းအပေါ် TPCCက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ အာဏာတည်မြဲရေးအတွက် ဒီမိုကရေစီ လိုလားသူများ အပေါ် ရက်စက်ကြမ်း ကြုတ်ပြီး ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်နေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ကထုတ်ပြန်လိုက်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့ပူးပေါင်းကာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အကြမ်းဖက်စစ်အုပ်စုနဲ့ အာဏာရှင်စနစ်ဟူသမျှ အမြစ်ပြတ် ကျဆုံးသည်အထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြခဲ့သည်။

အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသေဒဏ်စီရင်ချမှတ်ခြင်းအပေါ် TPCCက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့လေးဦးကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ကြားသိရသည့်ပေါ် များစွာ ထိတ်လန့်တုန်လှုပ်မိကြောင်း TPCCက ထုတ်ပြန်ခဲ့သည်။

မတရားသေဒဏ်စီရင်ချမှတ်သည့် စစ်ကောင်စီလုပ်ရပ်အပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
မတရားသေဒဏ်စီရင်ချမှတ်သည့် စစ်ကောင်စီလုပ်ရပ်အပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်အုပ်စု၏ မတရား သတ်ဖြတ်မှုသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည် ဆောက်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည့် စိတ်ဆန္ဒမရှိသည့်အပြင် ပြည်သူလူထုကို ရန်သူသဖွယ် သဘောထားပြီး အကြောက်တရားများနှင့် ဖိနှိပ်သည့် ဖက်ဆစ်ဝါဒနှင့် အာဏာရှင်တို့၏ သရုပ်သဏ္ဍာန်အမှန်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အိမ်နီးချင်းနိုင်ငံများ၏သံတမန်ရေးရာအရ တောင်းဆိုချက်များကို မထီမဲ့မြင် လျစ်လျူရှုကာ မတရားသေဒဏ်စီရင်ခြင်းသည် မြန်မာပြည်သူထုတစ်ရပ်လုံး သာမက နိုင်ငံတကာအသိုင်းအဝိုင်းများကိုပါ ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ ထို့ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် တုန့်ပြန်ချက်များနှင့် ပြည်သူလူထု၏ ခုခံတော်လှန်မှုများ ပိုမိုကြီးထွားလာစေရန် နှိုးဆော်လိုက်ခြင်းဖြစ်သည်ဟု TPCCကထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ရာဇဝတ်မှုကျူးလွန်မှုနှင့်အကြမ်းဖက်လုပ်ရပ်များသည် အနာ ဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးနှင့်မြန်မာ့နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ၌များစွာအဟန့်အတားဖြစ်စေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။