Connect with us

Hi, what are you looking for?

သတင်း

မတရားသေဒဏ်စီရင်ချမှတ်သည့် စစ်ကောင်စီလုပ်ရပ်အပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသေဒဏ်စီရင်ချမှတ်ခြင်းအပေါ် TPCCက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ အာဏာတည်မြဲရေးအတွက် ဒီမိုကရေစီ လိုလားသူများ အပေါ် ရက်စက်ကြမ်း ကြုတ်ပြီး ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်နေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ကထုတ်ပြန်လိုက်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့ပူးပေါင်းကာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အကြမ်းဖက်စစ်အုပ်စုနဲ့ အာဏာရှင်စနစ်ဟူသမျှ အမြစ်ပြတ် ကျဆုံးသည်အထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြခဲ့သည်။

အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသေဒဏ်စီရင်ချမှတ်ခြင်းအပေါ် TPCCက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့လေးဦးကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ကြားသိရသည့်ပေါ် များစွာ ထိတ်လန့်တုန်လှုပ်မိကြောင်း TPCCက ထုတ်ပြန်ခဲ့သည်။

မတရားသေဒဏ်စီရင်ချမှတ်သည့် စစ်ကောင်စီလုပ်ရပ်အပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
မတရားသေဒဏ်စီရင်ချမှတ်သည့် စစ်ကောင်စီလုပ်ရပ်အပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်အုပ်စု၏ မတရား သတ်ဖြတ်မှုသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည် ဆောက်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည့် စိတ်ဆန္ဒမရှိသည့်အပြင် ပြည်သူလူထုကို ရန်သူသဖွယ် သဘောထားပြီး အကြောက်တရားများနှင့် ဖိနှိပ်သည့် ဖက်ဆစ်ဝါဒနှင့် အာဏာရှင်တို့၏ သရုပ်သဏ္ဍာန်အမှန်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အိမ်နီးချင်းနိုင်ငံများ၏သံတမန်ရေးရာအရ တောင်းဆိုချက်များကို မထီမဲ့မြင် လျစ်လျူရှုကာ မတရားသေဒဏ်စီရင်ခြင်းသည် မြန်မာပြည်သူထုတစ်ရပ်လုံး သာမက နိုင်ငံတကာအသိုင်းအဝိုင်းများကိုပါ ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ ထို့ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် တုန့်ပြန်ချက်များနှင့် ပြည်သူလူထု၏ ခုခံတော်လှန်မှုများ ပိုမိုကြီးထွားလာစေရန် နှိုးဆော်လိုက်ခြင်းဖြစ်သည်ဟု TPCCကထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ရာဇဝတ်မှုကျူးလွန်မှုနှင့်အကြမ်းဖက်လုပ်ရပ်များသည် အနာ ဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးနှင့်မြန်မာ့နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ၌များစွာအဟန့်အတားဖြစ်စေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook