Connect with us

Hi, what are you looking for?

သတင်း

ဝမ်းနည်း၊ စိုးရိမ်၊ ပြစ်တင်ရှုတ်ချခြင်းထက်ပိုသော လက်တွေ့အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် နိုင်ငံတကာကို GSCN နှင့် BMCတို့ ပူးတွဲ တောင်းဆို

ပြည်တွင်း နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း စစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ အင်အား ဖြစ်စေမည့် မည့်သည့်လုပ်ရပ်မျှ မလုပ်ကြရန် တိုက်တွန်းသည်။

နိုင်ငံတကာကို GSCN နှင့် BMCတို့ ပူးတွဲ တောင်းဆို
နိုင်ငံတကာကို GSCN နှင့် BMCတို့ ပူးတွဲ တောင်းဆို

ဝမ်းနည်း၊ စိုးရိမ်၊ ပြစ်တင်ရှုတ်ချခြင်းထက် ပိုသော လက်တွေ့အရေးယူ ဆောင်ရွက်မှုများပြုလုပ် ရန် နိုင်ငံတကာကို လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီ GSCN နှင့် Blood Money Campaign တို့က ပူးတွဲတောင်းဆိုထုတ်ပြန်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို တရားမဲ့ သေဒဏ်စီရင်ချက် ချမှတ်အတည်ပြုခဲ့ခြင်းသည် မိသားစုအတွက် သာမက လူထုအတွက် ကြီးမားသော ဆုံးရှုံးမှု၊ ကြေကွဲဖွယ်အတိဖြစ်၍ မိမိတို့ တော်လှန်ရေး မဟာမိတ် အင်အားစုများမှ မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြသည်။

ထိုကဲ့သို့ သေဒဏ်ချမှတ်ခြင်းသည် အကြမ်းဖက်စစ်အုပ်စုမှ အဓမ္မ သိမ်းယူထားသည့် အာဏာဖြင့် ထောင်တွင်း လူသတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်ပြီး GSCN နှင့် BMC တို့က ပြင်းထန်စွာဆန့်ကျင်ရှုတ်ချ သည်ဟု ထုတ်ပြန်သည်။

ထောင်တွင်းလူသတ်မှု၊ အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မတရား သေဒဏ်ချမှတ်မှုများ အတွက် ဖက်ဆစ် စစ်တပ်တွင် အလုံးစုံ တာဝန်ရှိပြီး အဆိုပါကျူးလွန်မှုများအတွက် အကြမ်းဖက် စစ်အုပ်စုသည် မလွဲမသွေ ပြစ်ဒဏ်ခံယူရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အတွက် နိုင်ငံတကာအဖွဲအစည်းများ၊ လူထုတော်လှန်ရေး အင်အားစုများ အနေဖြင့် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့သော၊ အလားတူ လူသတ်မှုများတွင် ယနေ့အချိန်ထိ ပြစ်ဒဏ် ကင်းလွတ်နေသော ရာဇဝတ်ဂိုဏ်း စစ်အုပ်စုအား အမြန်ဆုံးထိရောက်စွာ အရေးယူရန် တိုက်တွန်းသည်။

နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများသည် တရားမဝင် အာဏာသိမ်း စစ်အုပ်စုနှင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ ဆက်နွယ်ပတ်သက်မှုများ လုံးဝ မလုပ်ဆောင်မှသာလျှင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အမှန်တကယ် အထောက်အပံ့ ဖြစ်စေမည်ဟု ပူးတွဲကြေညာ သည်။

ပြည်တွင်း နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း စစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ အင်အား ဖြစ်စေမည့် မည့်သည့်လုပ်ရပ်မျှ မလုပ်ကြရန် တိုက်တွန်းသည်။

ဆက်လက်ပြီး ERO များ၊ NUG၊ NUCC အပါအဝင် တော်လှန်ရေး ဦးဆောင်အဖွဲ့များ၊ လူထု သပိတ်ကော်မတီများ၊ လူထု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များသည် တော်လှန်ရေး အရှိန်အဟုန်မြှင့်ကာ စစ်အုပ်စုကို အမြန်ဆုံး ဖြုတ်ချနိုင်ရေး၊ အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ရန် လူထုကိုယ်စား တိုက်တွန်းသည်။

စစ်အုပ်စု ကျရှုံးရေးကို အဆုံးအဖြတ်ပေးနိုင်သည့် လူထုလှုပ်ရှားမှုများတွင် အပြည့်အဝ ပူးပေါင်းပါဝင်ရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂကို ဗဟိုပြုထားတဲ့ လက်ရှိ နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု အခင်းအကျင်းကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။