Connect with us

Hi, what are you looking for?

သတင်း

ပင်းတယမြို့နယ်မှ စစ်ကောင်စီလက်ဝေခံ ပျူစောထီးတစ်ဦးကို ချိုးဖြူ ပြောက်ကျားတပ် ရှင်းလင်း

အထက်ပါ ပျူစောထီးအဖွဲ့ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်ကလည်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပင်းတယမြို့ ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း Error ဖြစ်ပြီး ပေါက်ကွဲခြင်း မရှိခဲ့ပေ။

ချိုးဖြူ ပြောက်ကျားတပ်
ချိုးဖြူ ပြောက်ကျားတပ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ စစ်ကောင်စီလက်ဝေခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ချိုးဖြူပြောက်ကျား တပ်ဖွဲ့ (JPGF)မှ ယနေ့(ဇူလိုင် ၂၇)တွင် ထုတ်ပြန်သည်။

ယမန်နေ့နံနက် ၆ နာရီ ၂၀ ခန့်က ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာမှ စစ်ကောင်စီလက်ဝေခံ ပျူဆောထီးအဖွဲ့ဝင် ဦးစိုးလှဆိုသူ၏ ဦးခေါင်းအားပစ်ခတ်၍ ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

ပျူစောထီးအဖွဲ့ဝင် ဦးစိုးလှသည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပေါင်းကာ ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီး စေခိုင်းခြင်းများ ကျူးလွန်နေသူဖြစ်ကြောင်း ထောက်ပြသည်။

ထို့အပြင် ဦးစိုးလှသည် ကိုယ်ပိုင်သေနတ်အတိုတစ်လက်ကိုင်ဆောင်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စိန်ခေါ်ခဲ့သူဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ပျူစောထီးအဖွဲ့ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်ကလည်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ပင်းတယမြို့ ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း Error ဖြစ်ပြီး ပေါက်ကွဲခြင်း မရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။