Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတ​ပ်သုံးကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

၁၀မိနစ်ခန့်ကြာ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြီး PDF ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်၍ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

(တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)
(တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်အား သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းPDFအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဇူလိုင်၂၇ရက်) နံနက်၁၀နာရီ ၅၀မိနစ်ခန့်က တန့်ဆည်မြို့နယ် ရေဦးကုန်းရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တန့်ဆည်PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။

၁၀မိနစ်ခန့်ကြာ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြီး PDF ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်၍ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ထို့အပြင် မွန်းတည့်၁၂နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူများသည် ချောင်းဆုံ(တ)ရွာဘက်သို့ စစ်ကြောင်းထိုးစဥ် ဒေသတွင်း PDF အဖွဲ့များနှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ရွှေဘိုခရိုင် တပ်ရင်း (၆)၊(၇)နှင့် (၈) တန့်ဆည်(ပကဖ) ပူးပေါင်းအဖွဲ့များနှင့် ချောင်းဆုံရွာထဲတွင် အနီးကပ်မီတာ ၁၀၀တွင်းထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့်ပျူ လေးဦး သေဆုံးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

ယမန်နေ့ည ၁၀နာရီ ၅၀မိနစ်ခန့်ကလည်း တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို တန့်ဆည်PDF တပ်ရင်း(၆)က လက်နက်ကြီးဖြင့် ၅ချက် ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စခန်းတွင်းရှိရဲများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဖြစ်စဥ်များနှင့်ပတ်သက်၍ တန့်ဆည်ဒေသတွင်း PDFများထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်