Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တော်ခန်းမအနီး ဗုံးပေါက်

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ မြို့တော်ခန်းမအနီး လမ်းများကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - ပြီးခဲ့သည့် မတ်လအတွင်းက မြို့တော်ခန်းမ နောက်ကျောဘက် စည်ပင်ရုံးဝင်ပေါက်အား တွေ့ရစဥ် (ပုံအဟောင်း အသုံးပြုထားသည်)
ဓာတ်ပုံ - ပြီးခဲ့သည့် မတ်လအတွင်းက မြို့တော်ခန်းမ နောက်ကျောဘက် စည်ပင်ရုံးဝင်ပေါက်အား တွေ့ရစဥ် (ပုံအဟောင်း အသုံးပြုထားသည်)

စစ်ကောင်စီဝင်အများအပြား စောင့်ကြပ်နေသည့် ရန်ကုန်မြို့ မြို့တော်ခန်းမ အနီးတွင် ယနေ့ (ဇူလိုင် ၃၀) နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၁နာရီခန့်တွင် မြို့တော်ခန်းမ နောက်ကျောဘက် စည်ပင်ရုံး ဝင်ပေါက်အနီးတွင် ပေါက်ကွဲသံ ကြားရကြောင်း ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

” မြို့တော်ခန်းမ နောက်ကျောဘက်မှာ ၁၁နာရီလောက်က ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက် ရတယ်။ အခု လူနာတင်ကားတွေ၊ ရဲကား၊ စစ်​ကားတွေ အများကြီးရောက်နေတယ်။ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ လူထိခိုက်မှု မရှိဘူးလို့တော့ သိရတယ် “ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ မြို့တော်ခန်းမအနီး လမ်းများကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်း မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။