Connect with us

Hi, what are you looking for?

သတင်း

“အဆုံးထိတိုက်ဖို့သစ္စာပြုကြ အောင်ပွဲဝင်ဖို့ အားကုန်ရုန်းကြ”ဟု ကြွေးကြော်ချီတက်သည့် ပုလဲလူထုသပိတ်

ပြည်သူများက “အဆုံးထိတိုက်ဖို့ သစ္စာပြုကြ အောင်ပွဲဝင်ဖို့ အားကုန်ရုန်းကြ” ဆိုသည့် စာသားကို ကိုင်ဆောင်၍ “ငါတို့အားလုံး ကိုဂျင်မီ ၊ ငါတို့အားလုံး ကိုဖြိုးဇေယျာသော် ၊ ငါတို့အားလုံး ကိုလှမျိုးအောင်၊ ငါတို့အားလုံး ကိုအောင်သူရဇော်” ဟု ကြွေးကြော်၍ ဆန္ဒပြသပိတ်မှောက်ခဲ့သည်။

ဓာတ်ပုံ - ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
ဓာတ်ပုံ - ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဒေသတွင်းနယ်မြေ မတည်ငြိမ်မှုများ ရှိနေသော်လည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တော်လှန်ပြည်သူများ ပူးပေါင်း၍ ယနေ့ (ဇူလိုင် ၃၀) ညနေပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

ပြည်သူများက “အဆုံးထိတိုက်ဖို့ သစ္စာပြုကြ အောင်ပွဲဝင်ဖို့ အားကုန်ရုန်းကြ” ဆိုသည့် စာသားကို ကိုင်ဆောင်၍ “ငါတို့အားလုံး ကိုဂျင်မီ ၊ ငါတို့အားလုံး ကိုဖြိုးဇေယျာသော် ၊ ငါတို့အားလုံး ကိုလှမျိုးအောင်၊ ငါတို့အားလုံး ကိုအောင်သူရဇော်” ဟု ကြွေးကြော်၍ ဆန္ဒပြသပိတ်မှောက်ခဲ့သည်။

“ကျွန်တော်တို့ပုလဲပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီက ဘယ်လောက်ဖိနှိပ်ရက်စက်ပြပြ ဖက်ဒရယ်ပြည်ထောင်စုဆီကို အရောက်သွားမှာဖြစ်ပြီး အခုလို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်သွားမှာ ဖြစ်ပါတယ် ” ဟု သပိတ်ဦးဆောင်သူက တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း မြိုင်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုညသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (မေလ ၂၁ ရက်) ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသုံးဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲ​တွေဆက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဓာတုဗုံးအသုံးပြုတိုက်ခိုက်​နေပါတယ်။

သတင်း

ပုလဲမြို့နယ်မှာPDF နဲ့ ပကဖပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ်စစ်ကြောင်း​တွေကိုကြားဖြတ်တိုက်ခိုက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကဂျက်ဖိုက်တာနဲ့ရောပါရာမော်တာနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။