Connect with us

Hi, what are you looking for?

သတင်း

မြို့သာစက်မှုဇုန်အနီးတွင်စစ်တပ်ယာဥ်များကိုမိုင်းခွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဟုနဂါးနီ​ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ​ပြော

ထိုသို့တိုက်ခိုက်မှုကြောင့် ကားကြီးလေးစီးအနက်၂ စီးမိုင်းမိပြီး ၃ပွင့်တစ်ဦး၊ တစ်ပွင့်နှစ်ဦး အပါဝင်အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူအများပြားရှိနိုင်​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းမိုင်းခွဲတိုက်ခိုက်ခံရသည့် မြို့သာစက်မှုဇုန်အနီးအားယခင်ကမြင်တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းမိုင်းခွဲတိုက်ခိုက်ခံရသည့် မြို့သာစက်မှုဇုန်အနီးအားယခင်ကမြင်တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ တံတားဦး-မြို့သာ-မြင်းခြံလမ်းပေါ်တွင်စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်၏ အရာရှိများအပါအဝင် အများအပြားသေဆုံးနိုင်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ၃၀ရက်) နံနက် ၉နာရီခန့်က မြို့သာမှထွက်ခွာလာသ​ည့် အကြမ်းဖက်စစ်တပ်၏ ကားကြီးလေးစီးပါယာဥ်တန်းအား မြို့သာစက်မှုဇုန်အနီးတွင် ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက အသိပေးသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် ကားကြီးလေးစီးအနက်၂ စီးမိုင်းမိပြီး ၃ပွင့်တစ်ဦး၊ တစ်ပွင့်နှစ်ဦး အပါဝင်အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူအများပြားရှိနိုင်​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၏ တာဝန်ရှိသူက “သေတာ၁၀ယောက်ကအတိကျပါဗျ။ ဒဏ်ရာရထားတာတွေလည်းအများအပြားပဲ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် သေဆုံးထိခိုက်သူများအား ကားပေါ်တင်ဆောင်ကာ မြင်းခြံဘက်သို့ မောင်းနှင်သွားခဲ့သည်။

မြင်းခြံ-မြို့သာလမ်းပေါ်ရှိနဘူးအိုင်ကျေးရွာ၌ ဆေးကုသမှုခံယူရန်စီစဥ်ခဲ့သော်လည်း မနိုင်နင်း၍ မြို့သာဘက်သို့ ပြန်ထွက်သွားခဲ့ကြောင်း၊ သေဆုံးရုပ်အလောင်း ၇ လောင်းအား စာသင်ကျောင်းတွင် ထားခဲ့ကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

Facebook