Connect with us

Hi, what are you looking for?

သတင်း

အာဆီယံနိုင်ငံများက စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးရေး ကန်နိုင်ငံခြားရေး ဖိအားပေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ကမ္ဘောဒီးယားခရီးစဉ်အတွင်း အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးနှင့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ၏ ထိပ်သီးဆွေးနွေးပွဲများကို တက်ရောက်မည်ဖြစ်ပြီး အာဆီယံဒေသတွင်းဖိုရမ်၌လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

အာဆီယံနိုင်ငံများက စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးရေး ကန်နိုင်ငံခြားရေး ဖိအားပေးမည်
အာဆီယံနိုင်ငံများက စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးရေး ကန်နိုင်ငံခြားရေး ဖိအားပေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးရေး အတွက် မိတ်ဖက်နိုင်ငံများကို ဖိအားပေးသွားမည်ဟု အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ကမ္ဘောဒီးယားသို့ ဩဂုတ် ၃ တွင်ရောက်ရှိမည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏ ယင်းခရီးစဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးရေး ဒေသတွင်းမိတ်ဖက် နိုင်ငံများကို ဖိအားပေးတိုက်တွန်းမည်ဟု ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းက နိုင်ငံတွေ အားလုံးအနေနဲ့ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူအားလုံးကို အားပေးထောက်ခံမှုတိုးမြှင့်လုပ်ဆောင်ဖို့ ဖိအားပေးသွားမှာလည်း ဖြစ်ပါတယ်”ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink က ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ကမ္ဘောဒီးယားခရီးစဉ်အတွင်း အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးနှင့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ၏ ထိပ်သီးဆွေးနွေးပွဲများကို တက်ရောက်မည်ဖြစ်ပြီး အာဆီယံဒေသတွင်းဖိုရမ်၌လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အစီအစဉ်သုံးရပ်စလုံးတွင် မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးမည်ဖြစ်ပြီး ဒေသတွင်းက စစ်ကောင်စီကို ပိုမိုဖိအားပေးရေးအတွက် တိုက်တွန်းသွားမည်ဟု ဆိုသည်။

ယခုတကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်လည်း မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်ကိုသာ အာဆီယံက ဖိတ်ကြားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook