Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လူငယ်တွေကို ပစ်မှတ်ထားနေတော့ ရွာဘက်မှာလူငယ်တွေသိပ်မရှိတော့ဘူလို့ ဆို

“မင်းတို့လက်နက်တွေဘယ်မှာထားလဲ မင်းတို့အဖွဲ့တွေဘယ်မှာနေလဲ ဘယ်မှာစခန်းချကြလဲ ဘာတွေလုပ်လဲ စွပ်စွဲတာပေါ့။ တွေ့တဲ့လူငယ်မှန်သမျှကို ဖမ်းတဲ့လူဆိုလို့ရှိရင် အဲ့လိုမျိုးပဲ။ ဖမ်းပြီးတော့အဲ့လိုမျိုးမေးကြတာများတယ်” လို့ သူကဆိုပါတယ်။

KNU
KNU

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲမှာ စစ်ကောင်စီတပ်ကထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံလူငယ်တွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကိုခံနေရတယ်လို့ ကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့က ပြောပါတယ်။

အဲဒီလို ဒေသတွင်းစစ်ရေးအခြေအနေကြောင့် လူငယ်တွေဟာ နေရပ်ကိုစွန့်ခွာပြီး နယ်စပ်ကနေ ပြည်ပကိုထွက်ခွာသွားတာတွေ ပိုမိုများပြားလာတယ်လို့ဆိုပါတယ်။

“လူငယ်ရဲ့ ၇၀ ရာခိုင်နှုန်းကတော့ နိုင်ငံခြားရောက်သွားတယ်။ ရွာတွေဘက်မှာဆို လူငယ်ဆိုတာသိပ်မရှိတော့ဘူး။ တချို့ကျတော့ ရွာတွေမှာပဲနေပြီးတော့ ဘာမှလည်းလုပ်ကိုင်စားသောက်လို့မရတဲ့အနေအထား။ လူငယ်တွေရဲ့အနာဂတ်တော့ တော်တော်လေးတော့ ဘာမှအကုန်လုံးပိတ်ဆို့နေတဲ့အနေအထားပေါ့ ” လို့ ကရင်လူမှုရေးရာအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဇွန်လ(၂၅)ရက်ကစပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားခဲ့လို့ KNLA တပ်မဟာ ၃ နဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားတွေအပေါ် ဖမ်းဆီးသတ်ဖြတ်မှု၊ မြေမြုပ်မိုင်းထောင်ထားမှုတွေကြောင့် ဒေသခံပြည်သူ (၁၅)ဦးထက်မနည်း သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိတာတွေလည်း များပြားခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှုကြောင့် ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ လယ်ဒို၊ မူးနဲ့ ဆောထိ(ရွှေကျင်)မြို့နယ်ထဲက ဒေသခံပြည်သူသောင်းချီဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရတာပါ။

စစ်ရေးဝင်ရောက်လှုပ်ရှားနေစဉ်အတွင်း စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲက ဒေသခံလူငယ်တွေကို အဓိကပစ်မှတ်ထားဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးချနေသလို ညှဉ်းပန်းနှိပ်စက်တာ၊ ရိုက်နှက်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

“အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက လူငယ်တွေကိုတွေ့ပြီဆိုလို့ရှိရင် ဖမ်းတယ်ခေါ်တယ် ပြီးရင်လူသားဒိုင်းအနေနဲ့ အဲ့လိုမျိုးရှိတယ်ပေါ့နော်။ တခုခုဖြစ်ပြီဆိုလို့ရှိရင် လူငယ်တွေကအရင်ပြေးရတဲ့အနေအထားတွေ ရှိလာတယ်ပေ့ါ။ လုံခြုံမှုတော့သူများထက်စာရင်တော့ သူတို့(လူငယ်တွေ)ကတော့ ပိုပြီးတော့ ဟိုဘက်ကပိုပြီးတော့ပစ်မှတ်ဖြစ်တာပေါ့” လို့ သူကပြောပါတယ်။

ဒါ့အပြင် KNLA ပူးပေါင်းအဖွဲ့ရဲ့ လက်နက်၊ လူအင်အား အဖွဲ့အစည်းတည်နေရာ စတာတွေကို စစ်ကောင်စီက ဖမ်းဆီးထားတဲ့လူငယ်တွေကို အဓိကထားစစ်ဆေးမေးမြန်းခဲ့ကြတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့သူတွေက ပြောကြားကြောင်း ကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“မင်းတို့လက်နက်တွေဘယ်မှာထားလဲ မင်းတို့အဖွဲ့တွေဘယ်မှာနေလဲ ဘယ်မှာစခန်းချကြလဲ ဘာတွေလုပ်လဲ စွပ်စွဲတာပေါ့။ တွေ့တဲ့လူငယ်မှန်သမျှကို ဖမ်းတဲ့လူဆိုလို့ရှိရင် အဲ့လိုမျိုးပဲ။ ဖမ်းပြီးတော့အဲ့လိုမျိုးမေးကြတာများတယ်” လို့ သူကဆိုပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံလူငယ်အနည်းဆုံး(၁၀)ဦးခန့် သေဆုံးသွားခဲ့ရပြီး စစ်ကောင်စီကဖမ်းဆီးထားတဲ့လူငယ်တွေတချို့ကတော့ ဘာသတင်းမှမကြားရတော့ပဲ ပျောက်ဆုံးနေတာတွေလည်းရှိနေတယ်လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ဝင်ရဲ့ ပြောကြားချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို