Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ရက်စက်ယုတ်မာမှုကို ဆက်လက်ခွင့်မပြုဘဲ ညီညွတ်ပြတ်သားသည့် အရေးယူဆောင်ရွက်မှုချမှတ်ရန် နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး တိုက်တွန်း

မြန်မာစစ်တပ်၏ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနှင့် လူသားမဆန်မှုတို့ကို တစ်ကမ္ဘာလုံးအနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ မြန်မာပြည်သူများ ပြင်းပြစွာ အကူအညီတောင်းဆိုမှုကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းလုပ်ဆောင်သင့်သည့် အချက် ၆ချက် တောင်းဆို

နိုင်ငံတကာအသိုက်အဝန်းသည် စစ်တပ်၏ ရက်စက်ယုတ်မာမှုကို ဆက်လက်ခွင့်မပြုဘဲ ညီညွတ်ပြတ်သားသည့် အရေးယူဆောင်ရွက်မှုချမှတ်ရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် Asia Society Policy Institute မှ ဦးစီးကျင်းပသည့် ‘မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရက်စက်ဆိုးဝါးသည့် ပဋိပက္ခအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း’ စကားဝိုင်းဆွေးနွေးပွဲ၌ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်၏ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနှင့် လူသားမဆန်မှုတို့ကို တစ်ကမ္ဘာလုံးအနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ မြန်မာပြည်သူများ ပြင်းပြစွာ အကူအညီတောင်းဆိုမှုကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

တဆက်တည်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက် အဝန်းကို အဓိကအချက် ၆ ချက် တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ ရက်စက်ယုတ်မာမှုကို ဆက်လက်ခွင့်မပြုဘဲ ညီညွတ်ပြတ်သားသည့် အရေးယူဆောင်ရွက်မှုချမှတ်ရန် နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး တိုက်တွန်း
စစ်တပ်၏ ရက်စက်ယုတ်မာမှုကို ဆက်လက်ခွင့်မပြုဘဲ ညီညွတ်ပြတ်သားသည့် အရေးယူဆောင်ရွက်မှုချမှတ်ရန် နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး တိုက်တွန်း

ယင်း ၆ ချက်မှာ (၁) စစ်အာဏာရှင်၏ နိုင်ငံတကာကိုယ်စားပြုမှုအားလုံးကို ဆိုင်းငံ့ရပ်ဆိုင်းရန်၊ (၂) လူသားမဆန်သည့် စစ်တပ်ခေါင်းဆောင်နှင့် အပေါင်းအပါများ၏ ငွေစီးဆင်းမှု လမ်းကြောင်းအားလုံးကို ဖြတ်တောက်ရန်၊ (၃) အာဆီယံအစည်းအဝေးများ၌ စစ်တပ်အာဏာရှင်မှ ကိုယ်စားပြုခွင့်မပြုရန်၊ စစ်တပ်အုပ်ချုပ်မှုရပ်တန့်ရေး အတွက် နောက်ထပ်အရေးယူဆောင်ရွက်ရန်နှင့် အာဆီယံသဘောတူညီချက် (၅) ချက်ကို ပြန်လည် သုံးသပ်ရန်၊ (၄) ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စုစည်းလျက်ရှိသည့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများထံ တပ်ဖွဲ့များစေလွှတ်ခြင်းနှင့် စစ်ရေးထောက်ပံ့မှုများပံ့ပိုးခြင်း တို့ပါဝင်သည့် R2P မူဝါဒကို အသုံးပြု၍ ဖြစ်နိုင်သည့် အရေးယူ ဆောင်ရွက်ချက်များ အမြန်ဆုံးချမှတ်ရန်၊ (၅) ယူကရိန်းနိုင်ငံအား ကူညီပေးသည့်နည်းတူ မြန်မာပြည်သူများအား အလားတူ ကူညီစောင့်ရှောက်ရန်နှင့် (၆) မြန်မာပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုရန် တို့ဖြစ်သည်။

ထို့အပြင် တရားမဝင်စစ်တပ်အုပ်ချုပ်မှုရှိနေသ၍ ဘယ်သောအခါမှ ပဋိပက္ခဖြစ်ပွားမှု အဆုံးသတ်မည် မဟုတ်ကြောင်းကို အလေးထား ပြောကြားလိုပြီး စစ်တပ်၏ ရက်စက်မှုနှင့် ကြမ်းကြုတ်မှု သရဖူဆောင်းသည့် ကာလသည် တည်ငြိမ်မှုကို လုံးဝယူဆောင်နိုင်မည် မဟုတ်ကြောင်း သံအမတ်ကြီးက ပြောသည်။

ထိုသို့ စစ်တပ်၏ ရက်စက်ယုတ်မာမှုများကြားမှ မြန်မာပြည်သူများ၏ စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ရေး နှင့် ဒီမိုကရေစီပြန်လည်ရရှိရေး သန္နိဋ္ဌာန်သည် ပိုမိုခိုင်မာလာပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ဒီမိုကရေစီအင်အားစုများအကြား ယခင်ကြုံတွေ့ခဲ့ဖူးခြင်းမရှိသည့် စည်းလုံးညီညွတ်မှုဖြင့် စစ်တပ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် ပူးပေါင်းဆောင် ရွက်နေကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့