Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူတစ်ဦး ရှင်းလင်းခံရ

ဇူလိုင်၂၉ ရက်ကလည်း မြင်းခြံမြို့နယ် စံပြကျေးရွာတွင် စကစခန့်အုပ်ကြီး၏ သက်တော်စောင့် ပျူတစ်ဦးကို မြင်းခြံခရိုင် တပ်ရင်း (၄) Natogyi People Defence Force မှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်။

ရှင်းလင်းခံရသည့် စကစအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးထံမှ သိမ်းဆည်းရမိသော ဗုံးနှင့်ပစ္စည်းအချို့၊ ဓာတ်ပုံ-Myingyan People Defense Force
ရှင်းလင်းခံရသည့် စကစအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးထံမှ သိမ်းဆည်းရမိသော ဗုံးနှင့်ပစ္စည်းအချို့၊ ဓာတ်ပုံ-Myingyan People Defense Force

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ကို ယမန်နေ့ညက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Myingyan People Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၃ရက်) ည၇နာရီခန့်က မြင်းခြံမြို့နယ်ကျောက်ပြုတ်ရွာနှင့် လယ်သစ်ရွာကြား၌ ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့်လယ်သစ်ရွာသား၊ စစ်ကောင်စီသတင်းပေး၊ လက်နက်ကိုင် ပျူစောထီး မောင်နိုင်တို့အား ရင်ဘက်လေးချက်စီ ပစ်ခတ်ကာသုတ်သင်ရှင်းလင်းခဲ့ကြောင်း မြင်းခြံ PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှင်းလင်းသုတ်သင်ရာတွင် ဗုံးသီးတစ်လုံး၊ ဓားဆူးတစ်ချောင်း၊ လေးခွတစ်လတ် သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံ PDFက အသိပေးသည်။

ထုတ်ပြန်ချက်မှန်ကန်ကြောင်း မြင်းခြံ PDFက အတည်ပြုပြီး အသေးစိတ်ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇူလိုင်၂၉ ရက်ကလည်း မြင်းခြံမြို့နယ် စံပြကျေးရွာတွင် စကစခန့်အုပ်ကြီး၏ သက်တော်စောင့် ပျူတစ်ဦးကို မြင်းခြံခရိုင် တပ်ရင်း (၄) Natogyi People Defence Force မှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။