Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနှင့် ကန့်ဘလူနယ်စပ်ရှိ ဒုက္ခသည်ပေါင်းတစ်သောင်းကျော် အရေးပေါ်အကူအညီလိုအပ်နေ

ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ကျေးရွာများ၌ ဇူလိုင်လ၁၈ရက်နေ့က ပြည်သူ ၄၀ကျော်သတ်ဖြတ်ခံရပြီး အိမ်ပေါင်း၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

(စစ်​ဘေး​ရှောင်ပြည်သူများကိုခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစုက လှူဒါန်းပေးနေစဥ်။။ဓါတ်ပုံ-KURDAF)
(စစ်​ဘေး​ရှောင်ပြည်သူများကိုခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစုက လှူဒါန်းပေးနေစဥ်။။ဓါတ်ပုံ-KURDAF)

စစ်​ကောင်စီတပ်၏အကြမ်းဖတ်သတ်ဖြတ်မီးရှို့ခြင်းခံခဲ့ရသော စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ကန့်ဘလူနယ်စပ်တွင် ဒုက္ခသည်ပေါင်း သောင်းချီရှိနေပြီး အကူအညီများလိုအပ်နေကြောင်း KURDAF အဖွဲ့က ပြောသည်။

ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ကျေးရွာများ၌ ဇူလိုင်လ၁၈ရက်နေ့က ပြည်သူ ၄၀ကျော်သတ်ဖြတ်ခံရပြီး အိမ်ပေါင်း၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထိုဒေသ၌စစ်ဘေးရှောင်နှင့်မီးဘေးဒုက္ခသည်တစ်သောင်းနီးပါးရှိကြောင်း၊ သောက်သုံးရေ၊ ဆေးဝါး၊ မိုးကာနှင့် ဆန်များ ဆက်လက် လိုအပ်နေကြောင်း KURDAF အဖွဲ့က ပြောသည်။

ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု (KURDAF) သီးသန့် ခေါင်းစဉ်ဖြင့် အလှူခံပြီး ပို့ပေးခဲ့ကာ ထမင်းထုတ် (၁၀၀၀)နှင့် ဆန်အိတ် (၁၅) အိတ် ပေးပို့၍ ကနဦး ကူညီပေးခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်​ဘေး​ရှောင်ပြည်သူများကိုခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစုက လှူဒါန်းပေးနေစဥ်။။ဓါတ်ပုံ-KURDAF)
(စစ်​ဘေး​ရှောင်ပြည်သူများကိုခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစုက လှူဒါန်းပေးနေစဥ်။။ဓါတ်ပုံ-KURDAF)

“၁၂သိန်းဖိုးနီးပါး ပြည်သူလူထု ကူညီမှုဖြင့် KURDAF ဆောင်ရွက်နိုင်ခဲ့ပါတယ်။”ဟု KURDAFအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဆက်လက်ပြီး ဒေသခံ ၊ စစ်ဘေးရှောင်၊ မီးဘေး ဒုက္ခသည်များကို လှူဒါန်းလိုပါက KURDAF NUG Pay (kurdaf*nugpay.app) အကောင့် ကို လှူဒါန်းနိုင်ကြောင်း KURDAF အဖွဲ့က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာ ကြားတွင် စစ်ဘက်သုံး ရဟတ်ယာဉ် ဖြင့် အကြမ်းဖက်စစ်သားများပို့ခြင်း နှင့် Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုစစ်ကြောင်းနှင့် တည့်တည့်တိုးသော သာဝတ္ထိကျေးရွာက ပြည်သူတစ်ဦး သတ်ဖြတ်ခံရပြီး အကြမ်းဖက်စစ်တပ်သည် ကန့်ဘလူနယ် ကျီစုရွာကို ဆက်လက် စစ်ကြောင်းထိုးခဲ့သည်။

ကျီစု ကျေးရွာတွင် သတ်ဖြတ်ခံရသူ စုစုပေါင်း ပြည်သူ အလောင်း (၄၀)နှင့် အထက်ရှိသည်ဟု သိရပြီး အိမ်ခြေပေါင်း (၃၀၀) နီးပါး မီးရှိုခံခဲ့ရပြီး သတ်ဖြတ်ပြီးသော အလောင်းများကို အိမ်များထဲတွင် ထည့်သွင်းကာ မီးရှို့ပစ်ခဲ့ကြကြောင်း KURDAFအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

နိုင်ငံတကာ

သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဒုက္ခသည်အဖြစ် ဝင်ရောက် အခြေချခွင့် ရသူတွေကို ပြန်လည် သုံးသပ် စစ်ဆေးဖို့ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။

သတင်း

ဗြိတိန်ဟာ ငလျင်ဘေးသင့်ပြည်သူအတွက် ရန်ပုံငွေ စတင်လင်ပေါင် ၂၅သန်း ထောက်ပံ့ထားပြီး အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီဖြစ်ကြောင်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။