Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ လျှပ်စစ်ရုံးအနီး စစ်ကောင်စီကင်းတဲကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေးဆုံးအခြေအနေအား မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။

(ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံရင်ပြင်ကို စစ်တပ်အာဏာမသိမ်းခင်က​တွေ့ရစဥ် ။ ။ဓါတ်ပုံ-MT)
(ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံရင်ပြင်ကို စစ်တပ်အာဏာမသိမ်းခင်က​တွေ့ရစဥ် ။ ။ဓါတ်ပုံ-MT)

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၇)ရပ်ကွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနီးရှိ စစ်ကောင်စီတပ် ကင်းတဲအား အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Generation Z Defence Force & Supply Army(GZDF)က ယနေ့(သြဂုတ် ၅)ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၄ ရက်)ည ၁၁ နာရီ ၁၀မိနစ်ခန့်တွင် မြောက်ဒဂုံ (၃၇)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လျှပ်စစ်မီတာရုံးဘေးမှ စစ်ကောင်စီတပ်ကင်းတဲကို အဝေးထိန်းမိုင်းသုံးလုံးဖြင့် ဖောက်ခွဲခဲ့ရာ ရာသီဥတုအခြေအနေကြောင့် တစ်လုံးသာပေါက်ကွဲသွားကြောင်း ဖော်ပြသည်။

“​သေဆုံးနိုင်မှု​တော့ အတိအကျမသိရပါဘူးဗျ။ ကင်းမှာစခရှိ​နေ​တော့ သူတို့အနား မ​​ရောက်တရောက်မှာချပြီး ခွဲတာပါ”ဟု GZDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ကင်းတဲတွင် နံနက်ပိုင်းအချိန်များ၌ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းတွေ့ရ တတ်ပြီး ယမန်နေ့ညတိုက်ခိုက်ချိန်တွင် အင်အားမည်မျှရှိနေသည်ကို သေချာမသိရကြောင်း ၎င်းရဲ့ဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေးဆုံးအခြေအနေအား မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုကို Human Right Defenders နှင့် GenerationZ defence Force & Supply Army ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့(သြဂုတ် ၄)ည ၇ နာရီခွဲခန့်ကလည်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုကို ရန်ကုန်ပြောက် ကျားတပ်ဖွဲ့တစ်ခုမှ ဗုံးနှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook