Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခန့်အုပ်ကြီးနှင့် ပျူ ရှင်းလင်းခံရပြီးနောက် ဒေသခံရွာသူရွာသား၂၀ကျော်ကိုစစ်​ကောင်စီတပ်ကဖမ်းဆီး

ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

(မြင်းခြံ PDF ကပစ်ခတ်ရှင်းလင်းခဲ့​သောပျူ​​​စောထီးထံမှသိမ်းဆည်းရမိ​သော လက်ပစ်ဗုံး၊​လေးခွနှင့်ဓါး။ ။ဓါတ်ပုံ-မြင်းခြံPDF)
(မြင်းခြံ PDF ကပစ်ခတ်ရှင်းလင်းခဲ့​သောပျူ​​​စောထီးထံမှသိမ်းဆည်းရမိ​သော လက်ပစ်ဗုံး၊​လေးခွနှင့်ဓါး။ ။ဓါတ်ပုံ-မြင်းခြံPDF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦး ရှင်းလင်းခံရ၍ ထိုနှစ်ဦးနေထိုင်ရာ ရွာနှစ်ရွာမှ ပြည်သူ ၂၀ ကျော်ကိုစစ်​ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(သြဂုတ်လ၄ရက်) ည၁၂နာရီခန့်က လယ်သစ်ရွာနှင့် ကျောက်ပြုတ်ရွာမှ ရွာသူ၊ရွာသားအနည်းဆုံး ၂၁ဦးကို အကြမ်းဖက်စစ်တပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လယ်သစ်ရွာမှ အနည်းဆုံး၉ဦး၊ကျောက်ပြုတ်မှအနည်းဆုံး၁၂ဦး ဖမ်းဆီးခံရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ကျောက်ပြုတ်ရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးမောင်မြင့်နှင့် လယ်သစ်ရွာသားလက်နက်ကိုင်ပျူစောထီးမောင်နိုင်ဆိုသူတို့သည် သြဂုတ် ၃ရက်ည၇နာရီခန့်က မြင်းခြံမြို့နယ်ကျောက်ပြုတ်ရွာနှင့် လယ်သစ်ရွာကြား၌ မြင်းခြံ PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ရင်ဘက်လေးချက်စီပစ်ခတ်ရှင်းလင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ရှင်းလင်းသုတ်သင်ရာတွင် ဗုံးသီးတစ်လုံး၊ ဓားဆူးတစ်ချောင်း၊ လေးခွတစ်လတ် သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံ PDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။