Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ ခုနစ်ဦးသေပြီး G-3 သေနတ်ခြောက်လက်ရရှိဟု TPC ပြော

ယနေ့(သြဂုတ် ၇ ရက်) နံနက်ပိုင်းတွင် မော်တော်ယာဥ် ဖြင့်ကင်းလှည့်နေသော စစ်ကောင်စီအဖွဲ့ကို ပြည့်သူ့ရဲဘော်အဖွဲ့(TPC)နှင့် တန့်ဆည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တန့်ဆည်မြို့တွင် ကင်းလှည့်နေသည့် စစ်ကောင် စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး G-3 သေနတ် ခြောက်လက် ရရှိကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPC က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၇ ရက်) နံနက်ပိုင်းတွင် မော်တော်ယာဥ် ဖြင့်ကင်းလှည့်နေသော စစ်ကောင်စီအဖွဲ့ကို ပြည့်သူ့ရဲဘော်အဖွဲ့(TPC)နှင့် တန့်ဆည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“တန့်ဆည်လမ်းဆုံမှတောင်ထွက်ဂိတ်တွင် မနက်စောစော လမ်းပေါ်တက် ဆက်ကြေးကောက် ဓါးပြတိုက်ရန်ထွက်လာသော စခများ ဂိတ်မရောက်ခင် လမ်းခုလတ်၌ ဖောက်လိုက်ဆွဲကင်ခံရ အကုန်မသာပေါ်ကြောင်း ကနဦးသိရ”ဟု Taze Support Organization က ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် ရဲဘော်များအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း TPC က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သြဂုတ် ၃ ရက်ကစ၍ တန့်ဆည်မြို့နယ်တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့်ပျူ ၂၀ ကျော်သေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook