Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမှ ရန်ကုန်တိုင်းသို့အဝင် အဝေးပြေးလမ်းမကို စစ်ကောင်စီ ပိတ်ဆို့ စစ်ဆေးနေ၍ ကားအစီးရေ ရာနှင့်ချီပိတ်မိနေ

“ရန်ကုန်က ဒီနေ့ တော်တော်လေး ထူးခြားနေတယ်။ ဒီကောင်တွေ (စစ်ကောင်စီ) ဘာကိုလန့်နေ တယ်မသိဘူး” ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

ယာဥ်များပိတ်ဆို့နေ၍ ရပ်နားထားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Myint Soe
ယာဥ်များပိတ်ဆို့နေ၍ ရပ်နားထားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Myint Soe

ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့အဝင် အဝေးပြေးလမ်းမကြီးကို စစ်ကောင်စီက ယနေ့(သြဂုတ် ၈ ရက်) ပိတ်ဆို့စစ်ဆေးနေ၍ ကားအစီးရေ ရာနှင့်ချီပိတ်မိနေ သည်။

ရန်ကုန်တိုင်းသို့ အဝင်နေရာဖြစ်ပြီး အောင်မင်္ဂလာဝေးပြေးဂိတ်နှင့် မလှမ်းမကမ်းတစ်နေရာတွင် ကားတစ်စီးချင်းကို စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းနေရာတွင် ရန်ကုန်တိုင်းသို့ဝင်မည့် ခရီးသည်တင်ကား၊ အိမ်စီးကားနှင့် ကုန်တင်ကားများ အစီးရေ သုံးရာခန့်ပိတ်မိနေသည်ဟု မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။

“၈ လေးလုံးနေ့မို့လား၊ ဒါမှမဟုတ် ဘာသတင်းရလို့လဲတော့ မသိဘူး။လမ်းကို ပိတ်ဆို့စစ်နေတာ တစ်နာရီလောက်ကားပိတ်ခဲ့တယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်တယ်”ဟု ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ထဲတွင်လည်း ယနေ့စစ်ဆေးရေးတင်းကြပ်နေပြီး ခရီးသည်အချို့၏ အိတ်များကို ဖွင့်ဖောက်စစ်ဆေးနေသည်ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ရန်ကုန်က ဒီနေ့ တော်တော်လေး ထူးခြားနေတယ်။ ဒီကောင်တွေ (စစ်ကောင်စီ) ဘာကိုလန့်နေ တယ်မသိဘူး” ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။