Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် စစ်ဘေးရှောင်သုံးသောင်းနီးပါးရှိနေပြီး အကူအညီများ လိုအပ်နေ

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် ၂,၀၀၀ ကျော်ပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းနီးပါးရှိနေပြီဖြစ်ကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

(အရာတော်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ဘေးရှောင် သုံးသောင်းနီးပါးရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစ၍ ယနေ့အထိ ကျေးရွာပေါင်း ၂၀ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အရာတော်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ကျေးရွာ ငါးရွာထက်မနည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် ၂,၀၀၀ ကျော်ပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းနီးပါးရှိနေပြီဖြစ်ကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

“ခုထိအိမ်မပြန်ရဲကြသေးဘူး။ ဖြစ်သလို နေထိုင် စားသောက်နေကြရတယ်။ အဓိကလိုတာက ငွေကြေးအကူအညီပေါ့။ ဘယ်အဖွဲ့အစည်းက လှူ၊လှူ ငွေကြေးလို အပ်တာတော့အမှန်ပဲ”ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ ထောက်ပို့တာဝန်ယူထားသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(အရာတော်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(အရာတော်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

မင်းရွာကြီး၊ မလဲသာ၊ ကဲဘာရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး ခြင်းခံခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ၎င်းက ပြောသည်။

အရာတော်မြို့နယ် မင်းရွာတွင် သြဂုတ်၄ရက်မှ ၆ရက်အထိ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၃၈ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ဘက်က စုစုပေါင်း ရဲဘော်ခြောက်ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ဗမာ့စွမ်းရည်မြင့်တပ်​တော်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။