Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မြို့ပြင်ထွက် စစ်ဆင်ရေးလုပ်ဆောင်ရန် ဟားခါး CDF စိန်ခေါ်

စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်တစ်လုံးထိမှန်ကာ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဟားခါး CDFက ဖော်ပြသည်။

ဟားခါး CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ဟားခါး CDF
ဟားခါး CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ဟားခါး CDF

▪️စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီ လက်ပါးစေများကို အရေးယူမည်ဖြစ် ကြောင်း သတိပေး

ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) အနေဖြင့် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ပြင်းထန်သော စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှု မရှိသော မြို့ပြင်သို့ ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ပါရန် စိန်ခေါ်ကြောင်း ဟားခါး CDFက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ သုံးပြီး ဒေသခံ ပြည်သူများ၏ နေအိမ်များသို့ ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရခြင်းအပေါ် ဟားခါး CDFက သဘောထား ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်တစ်လုံးထိမှန်ကာ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဟားခါး CDFက ဖော်ပြသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း အာဏာရူးမင်းအောင်လှိုင် အကြမ်းဖက်အဖွဲ့၏ လက်ချက်ဖြင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ရပြီး ပြည်သူနေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နိုင်ငံတကာ စစ်ဥပဒေ ရာဇဝတ်ကျူးလွန်သော အကြမ်းဖက်စစ်တပ်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ပြည်သူများဆုံးရှုံးခဲ့ရသော နစ်နာမှုနှင့် လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရလိမ့်မည်ဖြစ်ကြောင်း ဟားခါး CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် ဖက်ဆစ်စစ်တပ်အပါအဝင် ၎င်းတို့ကို ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံလူပုဂ္ဂိုလ်များ၊ Non-CDMနှင့် ဒလန်များကို စစ်ဘက်ဆိုင်ရာစည်းမျဉ်း ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း လည်း ဟားခါး CDFက သတိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။