Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများမြန်မာစစ်တပ် စနစ်တကျဆက်လက်ကျူးလွန်နေဟု IIMM ၏ အစီရင်ခံ၌ ဖော်ပြ

အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ ကလေးငယ်များသည် မိဘများကိုယ်စားပြုကျင့်ခံရခြင်းအပါအဝင် ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်မှုထမ်းစေခြင်းနှင့် တရားလက်လွတ်ထိန်းသိမ်းခြင်းတို့ ကျူးလွန်ခံနေရသည်။

ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာမှ အစုလိုက်မီးရှို့သတ်ဖြတ်ခံထားသည့် ဒေသခံပြည်သူများ ၊ဓာတ်ပုံ- CJ
ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာမှ အစုလိုက်မီးရှို့သတ်ဖြတ်ခံထားသည့် ဒေသခံပြည်သူများ ၊ဓာတ်ပုံ- CJ

မြန်မာနိုင်ငံတွင် စစ်ကောင်စီက လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သောရာဇဝတ်မှုများကို စနစ်တကျ ဆက်လက်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ယမန်နေ့တွင်ထုတ်ပြန်သော နှစ်လည်အစီရင်ခံစာ၌ ဖော်ပြသည်။

IIMM က နောက်ဆုံးရရှိထားသော အထောက်အထားများအရ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကြီးမားစွာသက်ရောက်သည့် ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခများနှင့်အတူ စစ်ကောင်စီက အထက်ပါကြီးလေးသောရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ဖော်ပြခြင်းဖြစ်သည်။

“အမျိုးသမီးတွေ၊ ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေက နိုင်ငံတကာရာဇဝတ်မှု တွေထဲမှာ စိုးရိမ်ဖွယ်အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အဲဒါတွေဟာ သမိုင်းနဲ့ချီပြီး လေ့လာဖော်ထုတ်မှု နဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းမခံရပါဘူး။ ကျွန်တော်တို့အဖွဲ့က ဖြန့်ကျက်ပစ်မှတ်ထားပြီး စုံစမ်း ဖော်ထုတ်မှုတွေကို ကျွမ်းကျင်သူတွေနဲ့အသေအချာလုပ်ဆောင်လုပ်နေပါတယ်။ နောက်ဆုံးမှာ ဒီရာဇဝတ်မှုကျူးလွန်သူတွေကို တရားစွဲဆိုနိုင်ဖို့ဖြစ်ပါတယ်။ ဒီရာဇဝတ်မှုကျူးလွန်သူတွေ သိ ထားရမှာက သူတို့အနေနဲ့ ပြစ်ဒဏ်ကကင်းလွတ်ခွင့်(impunity)ဆက်လက်ရှိတော့မှာ မဟုတ်ဘူးဆိုတာပါ။ ကျွန်တော်တို့ဟာ သက်သေအထောက်အထားတွေကို စုဆောင်း၊ ထိန်းသိမ်းပြီး တစ်နေ့မှာ သူတို့ကို အရေးယူအပြစ်ပေးနိုင်ပါလိမ့်မယ်” ဟု IIMM အကြီးအကဲ Kounjian က ပြောသည်။

IIMM သည် လွန်ခဲ့သည့်သုံးနှစ်လုပ်ငန်းစတင်လည်ပတ်ကတည်းက ရင်းမြစ်ပေါင်း ၂၀၀ ခန့်ထံမှ အချက်အလက်ပေါင်း ၃ သန်းကျော် စုဆောင်းထားပြီးဖြစ်ပြီး ယင်းတွင် တွေ့ဆုံမေးမြန်းမှုများ၊ မှတ်တမ်းမှတ်ရာများ၊ ရုပ်သံများ၊ ဓာတ်ပုံများ၊ တည်နေရာအဖြစ်အပျက်ဆိုင်ရာ အသေးစိတ်ရုပ်ပုံများနှင့် လူမှုကွန်ရက်အကြောင်းအရာများ ပါဝင်သည်။

Public Service Announcement

Public Service Announcement

မုန်တိုင်ပင်ရွာ ဘုန်းကြီးကျောင်းတွင် ရွာသားများကို နောက်ပြန်ကြိုးတုပ်လျက် စစ်တပ်က ဖမ်းဆီး ထားစဉ်။ဓာတ်ပုံ - CJ
မုန်တိုင်ပင်ရွာ ဘုန်းကြီးကျောင်းတွင် ရွာသားများကို နောက်ပြန်ကြိုးတုပ်လျက် စစ်တပ်က ဖမ်းဆီး ထားစဉ်။ဓာတ်ပုံ – CJ

အဆိုပါအချက်အလက်များက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များက ကျူးလွန်သော လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြုရာဇဝတ်မှုများ၊ အဓမ္မပြုကျင့်မှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကလေးငယ်များအပေါ် ကျူးလွန်သည် ရာဇဝတ်မှုများ ပါဝင် သည်။

အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ ကလေးငယ်များသည် မိဘများကိုယ်စားပြုကျင့်ခံရခြင်းအပါအဝင် ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်မှုထမ်းစေခြင်းနှင့် တရားလက်လွတ်ထိန်းသိမ်းခြင်းတို့ ကျူးလွန်ခံနေရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံတွင် ကျူးလွန်သော ရာဇဝတ်မှုများ မှုများသည် ကြီးမားကျယ်ပြန့်ပြီး အရပ်သားများအပေါ် စနစ်တကျ တိုက်ခိုက်မှုများဖြစ်ပြီး ရာဇဝတ်မှုဖြစ်နိုင်ခြေသည်လည်း ကျယ်ပြန့်လာကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

အစီရင်ခံစာတွင် မကြာသေးမီက မြန်မာစစ်တပ်၏ လူပုဂ္ဂိုလ်လေးဦးအပေါ်​ သေဒဏ်ပေးကွပ်မျက်မှုကိုလည်း ထည့်သွင်းထားသည်။

အထက်ပါအစီရင်ခံစာသည် ရိုဟင်ဂျာတစ်သန်းနီးပါးနေရပ်စွန့်ခွာစေသည့် စစ်တပ်၏နယ်မြေရှင်းလင်းမှု ၅ နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ သီတင်းပတ် ၂ ပတ်စောကာ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

IIMM ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး IIMM ၏ အစီရင်ခံစာများ ကို အပြည်ပြည်ဆိုင်ရာ တရားမျှတမှုလုပ်ငန်းစဉ်များအတွက် အထောက်အပံ့ပေးရန်၊ လက်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) အတွက် ခိုင်မာသည့် သက် သေအချက်အလက်များအဖြစ် အသုံးပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

အောင်ဆုဗွေစခန်း၌ ဆေးဖြတ်နေသူ များအား စစ်ကောင်စီက သတ်ဖြတ်မှုကို ကြားသိရပြီး ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊အသတ်ခံရသူမှာ ၁၂ ဦးမကဘဲ ၁၂၀ ဦးရှိ​ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။