Connect with us

Hi, what are you looking for?

သတင်း

ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခံရသည့် မူးကြီးကမ်းရွာဝင်ရောက်ရှင်းလင်းပါက အဝေးမှ လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ​ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ ဖျက်ဆီးပြီးနောက် ဒေသခံများ ဝင်ရောက်ရှင်းလင်းပါက အဝေးမှ လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပြောသည်။

အိမ်ခြေ ၄,၀၀၀ခန့်ရှိသည့် မူးကမ်းကြီးရွာကို စစ်ကောင်စီက သြဂုတ် ၉ရက်နှင့် သြဂုတ် ၁၀ရက်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ မီးရှို့ခဲ့ပြီး ယနေ့(သြဂုတ် ၁၁ရက်)တွင် ရွာမှစတင် ထွက်ခွာနေသည်။

(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“ စစ်ကြောင်းတစ်ကြောင်းက ရွာကနေ ထွက်သွားပြီ။ တစ်ကြောင်းက ကျန်နေသေးတယ်။ ဒေသခံတွေက ရွာကို ပြန်ဝင်ချင်ကြတယ်။ ပြန်ဝင်ပြီး ရှင်းလင်းရေးလုပ်ရင် အဝေးကနေ လက်နက်ကြီးနဲ့ ပစ်မယ်လို့ စစ်တပ်က ​ခြိမ်းခြောက်ထားလို့ မဝင်ရဲကြဘူး” ဟု ဒီပဲယင်းမြို့ အခြေစိုက်ပြည်သူ့ကာကွယ် ရေးအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ​ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မူးကမ်းကြီးရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်နယ် ဘက်မှ ရောက်ရှိလာ​ခြင်းဖြစ်ပြီး ယခုလည်း ဘုတလင်နယ်ဘက်သို့ ဦးတည်ထွက်ခွာသွားနေသည်။

မူးကမ်းကြီးရွာကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်သည် လက်နက်နှင့် လူအင်အား အပြည့်အစုံဖြင့်ဝင်ရောက်လာခဲ့ရာ လက်နက်ခဲယမ်းမလုံ လောက်သော ဒေသခံပြည်သူ့ ကာကွယ် ရေးတပ်များသည် တန်ပြန်တိုက်ခိုက် နိုင်ခြင်းမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၀) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။