Connect with us

Hi, what are you looking for?

သတင်း

ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခံရသည့် မူးကြီးကမ်းရွာဝင်ရောက်ရှင်းလင်းပါက အဝေးမှ လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ​ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ ဖျက်ဆီးပြီးနောက် ဒေသခံများ ဝင်ရောက်ရှင်းလင်းပါက အဝေးမှ လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပြောသည်။

အိမ်ခြေ ၄,၀၀၀ခန့်ရှိသည့် မူးကမ်းကြီးရွာကို စစ်ကောင်စီက သြဂုတ် ၉ရက်နှင့် သြဂုတ် ၁၀ရက်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ မီးရှို့ခဲ့ပြီး ယနေ့(သြဂုတ် ၁၁ရက်)တွင် ရွာမှစတင် ထွက်ခွာနေသည်။

(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“စစ်ကြောင်းတစ်ကြောင်းက ရွာကနေ ထွက်သွားပြီ။ တစ်ကြောင်းက ကျန်နေသေးတယ်။ ဒေသခံတွေက ရွာကို ပြန်ဝင်ချင်ကြတယ်။ ပြန်ဝင်ပြီး ရှင်းလင်းရေးလုပ်ရင် အဝေးကနေ လက်နက်ကြီးနဲ့ ပစ်မယ်လို့ စစ်တပ်က ​ခြိမ်းခြောက်ထားလို့ မဝင်ရဲကြဘူး”ဟု ဒီပဲယင်းမြို့ အခြေစိုက်ပြည်သူ့ကာကွယ် ရေးအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ​ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မူးကမ်းကြီးရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်နယ် ဘက်မှ ရောက်ရှိလာ​ခြင်းဖြစ်ပြီး ယခုလည်း ဘုတလင်နယ်ဘက်သို့ ဦးတည်ထွက်ခွာသွားနေသည်။

မူးကမ်းကြီးရွာကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်သည် လက်နက်နှင့် လူအင်အား အပြည့်အစုံဖြင့်ဝင်ရောက်လာခဲ့ရာ လက်နက်ခဲယမ်းမလုံ လောက်သော ဒေသခံပြည်သူ့ ကာကွယ် ရေးတပ်များသည် တန်ပြန်တိုက်ခိုက် နိုင်ခြင်းမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။