Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ရှောင်ပြည်သူတိုးလာ၍ အကူအညီများလိုအပ်နေ

ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်းနှင့် အရှေ့တောင်ခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အား ၁၅၀ခန့်နှင့် ၁၀၀ကျော်ပါ စစ်ကြောင်း နှစ်ကြောင်းဖြင့် ဝင်ရောက်စစ်ကြောင်းထိုးနေသည်။

မီးရှို့ဖျက်ဆီးခံရသော မူးကမ်းကြီး၊ ဆူးတပ်ရွာနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ် ညီနောင်များ
မီးရှို့ဖျက်ဆီးခံရသော မူးကမ်းကြီး၊ ဆူးတပ်ရွာနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ် ညီနောင်များ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက် ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း အကူအညီပေးနေသူများက ပြောသည်။

ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်းနှင့် အရှေ့တောင်ခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အား ၁၅၀ခန့်နှင့် ၁၀၀ကျော်ပါ စစ်ကြောင်း နှစ်ကြောင်းဖြင့် ဝင်ရောက်စစ်ကြောင်းထိုးနေသည်။

ထို့ကြောင့် ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေရ​ကာ စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

မူးကမ်းကြီးရွာအား မီးရှို့လာသော အကြမ်းဖက်စစ်ကြောင်းသည် ယနေ့(သြဂုတ်လ၁၁ရက်နေ့)တွင် နများ၊ ယဉ်ကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် အရေးပေါ်အကူအညီများ ထောက်ပံ့လျက်ရှိပြီး စစ်ဘေးရှောင်အရေအတွက် နေ့စဉ်တိုးပွားလျက်ရှိသဖြင့် အကူအညီများ လုံလောက်စွာ ထောက်ပံ့နိုင်ရန် ပါဝင်လှူဒါန်းကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့အပြင် ဒီပဲယင်းမြို့နယ်ရှိ မူးကမ်းကြီးကျေးရွာနှင့် ​ဆူးတပ်ရွာအား စစ်ကောင်စီတပ်က သြဂုတ် ၉ရက်မှ ယနေ့အထိ ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီတပ်က မူးကမ်းကြီးရွာအား ဒုတိယအကြိမ်မြောက် လာရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေလေးထောင်ကျော်အနက် ဆယ်ဂဏန်းခန့်သာအကောင်းအတိုင်း ကျန်တော့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Facebook