Connect with us

Hi, what are you looking for?

သတင်း

သင်္ဃန်းကျွန်းမြို့နယ် လဝကရုံးကို သေနတ်ဖြင့် ဝင်ပစ်၊ တစ်ဦး​သေ၊ တစ်ဦးစိုးရိမ်ရဟုဆို

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဦးဘဟန်လမ်း အား ပိတ်ဆို့ကာ ယာဥ်အသွား အလာများအား တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(သင်္ဃန်းကျွန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းပိတ်ဆိုး ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
(သင်္ဃန်းကျွန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းပိတ်ဆိုး ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ယနေ့(သြဂုတ် ၁၂)နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပြီး မြို့နယ်ဦးစီးမှူးဒဏ်ရာအပြင်းအထန်ရရှိပြီး၊ ဒုဦးစီးမှူး ​သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့နေ့လယ် ၂ နာရီ ၃၅မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက် ဦးဘဟန်လမ်းပေါ်ရှိ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန(လဝက)ရုံးသို့ အမည်မသိလူနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှု ကြောင့် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွေးမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီးဒုဦးစီးမှူး ဦးကျော်မိုး မှာ ​ဆေးရုံပို့​ဆောင်စဥ်လမ်း၌​သေဆုံးခဲ့သည်ဟုသိရ သည်။

“သေနတ်သံ သေချာတော့ မကြားလိုက်ရဘူး။ ၃၊ ၄ ချက် ပစ်သွားလို့တော့ ပြောတယ်။ ပစ်တာက မြို့နယ်မှူးကို ပစ်တာပါ။ လက်ထောက်မြို့နယ်မှူးက ဝင်လုံးဖို့ ကြိုးစားရင်း ရင်ဘတ်ကို သေနတ်နဲ့ ပစ်သွားတာပါ။ သူက ဆေးရုံ မရောက်ခင်မှာပဲ ဆုံးသွားတယ်လို့ သိရပါတယ်။ မြို့နယ်မှူးကလည်း ဒဏ်ရာစိုးရိမ်ရတယ် ကြားပါတယ် ” ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဦးဘဟန်လမ်း အား ပိတ်ဆို့ကာ ယာဥ်အသွား အလာများအား တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သိူ့​သော်ပစ်ခတ်ခံရသောစစ်​ကောင်စီ၏ လဝကအရာရှိများတွင် မြို့နယ်လဝကမှူးဖြစ်သူ၏ ရင်အုံတွင် တစ်ချက်ပစ်ခံရပြီး ဒုဦးစီးမှူးဖြစ်သူမှာ မျက်နှာနှင့် လက်တို့တွင် သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာများရသွားကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာအချို့တွင် ဖော်ပြ​နေသည်။ ၎င်းတို့နှစ်ဦးကို ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ထားပြီး အခြေအနေစိုးရိမ်ရကြောင်း ယင်းဝါဒဖြန့်မီဒီယာများက ဖော်ပြကြ သည်။

အထက်ပါ စစ်ကောင်စီထောက်တိုင် Non-CDM ဝန် ထမ်းများအား ရုံးအတွင်းဝင်ရောက် ပစ်ခတ်ခြင်းနှင့်စပ်လျဥ်း၍ မည်သည့်အဖွဲ့အစည်း လုပ်ဆောင်သည်ဆိုခြင်းကို သတင်းထုတ်ပြန် ထားခြင်း မတွေ့ရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးအနီးနှင့် ဘီအိုစီ ကားမှတ်တိုင်တို့တွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“လဝကရုံးမှာ ပစ်ခတ်မှု ဖြစ်လို့ ဆိုပြီး ရုံးနားက ဖြတ်သမျှလူတွေ၊ ကားတွေကို စစ်နေတယ်။ ကျောပိုးအိတ်နဲ့ လမ်းလျှောက်သွားတဲ့ လူတောင် အိတ်ကို ဖွင့်စစ်တာတွေ လုပ်နေပါတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။