Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေး ၂၆သိန်း၊ တစ်ဒေါ်လာ ၂၈၅၀ကျပ်ရှိလာပြီးကျပ်​​ငွေတန်ဖိုးစံချိန်တင်ကျ

သြဂုတ် ၁၂ ရက်တွင် ပြည်တွင်းရွှေဈေးမှာအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်း​ကျော်( ၂,၆၂၀,၀၀၀)အထိဆက်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ၂၇၉၀ကျပ်မှ ၂၈၅၀ကျပ်အထိရှိနေသည်ဟု ဈေးကွက်အတွင်းမှာ သိရသည်။

(ကျပ်​ငွေတန်ဖိုးသည်သမိုင်းတစ်​လျှောက် စံချိန်တင်ကျဆင်း​နေသည်။ ။ ။ဓါတ်ပုံ - Bloomberg)
(ကျပ်​ငွေတန်ဖိုးသည်သမိုင်းတစ်​လျှောက် စံချိန်တင်ကျဆင်း​နေသည်။ ။ ။ဓါတ်ပုံ - Bloomberg)

●စစ်အုပ်စုအာဏာမသိမ်းခင်ကနှင့်ယှဥ်လျှင် ​​ငွေလဲနှုန်းအရ ကျပ်​ငွေတန်ဖိုး ၁၁၃ ရာခိုင်နှုန်းကျဆင်း​သွား

ပြည်တွင်း၌ ယ​နေ့ရွှေတစ်ကျပ်သားလျှင် ၂၆သိန်းကျော်၊ အမေရိကန်တစ်ဒေါ်လာကို ၂၈၅၀ကျပ်အထိပေါက်ဈေးရှိလာပြီး ဈေးကွက်အတွင်း ရွှေနှင့်ဒေါ်လာဝယ်ယူမရတော့ကြောင်း ပြည်တွင်းရွှေဆိုင်ပိုင်ရှင်များနှင့် ငွေလဲဆောင်ရွက်နေသူများကပြောသည်။

သြဂုတ် ၁၂ ရက်တွင် ပြည်တွင်းရွှေဈေးမှာအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်း​ကျော်( ၂,၆၂၀,၀၀၀)အထိဆက်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ၂၇၉၀ကျပ်မှ ၂၈၅၀ကျပ်အထိရှိနေသည်ဟု ဈေးကွက်အတွင်းမှာ သိရသည်။

“အခုက လူတွေ စိတ်ပူတာရယ်၊ မြန်မာကျပ်ငွေ ခိုင်မာမူမရှိတော့ရယ်၊ဝယ်လိုအားများနေတာရယ်၊နိုင်ငံရေးတွေကြောင့်အခုလို့ ဈေးတွေတက်နေတာ။ ရှေ့ဆက်လည်းတက်ဖို့ပဲရှိနေမှာ”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ယ​နေ့​ပေါက်ဈေးနှုန်းများသည့် ယမန့်နေ့(ဩဂုတ် ၁၁ရက်) ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ရွှေတစ်ကျပ်သားလျှင်ကျပ် တစ်သိန်းနှင့် တစ်ဒေါ်လာကို ကျပ် ၁၂၀ ခန့်မြင့်တက်လာခြင်းဖြစ်သည်။ ယမန့်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၅၂၀,၀၀၀ နှင့် တစ်ဒေါ်လာကို ကျပ် ၂၇၃၀ ကျပ်​ရှိခဲ့သည်။ ထို​ကြောင့်​ တစ်ရက်အတွင်းရွှေ​ဈေးမှာ တစ်ကျပ်သားလျင် ကျပ်တစ်သိန်းနှင့် တစ်​​ဒေါ်လာလျှင့် ၁၀၀ ကျပ်​ကျော် ​​​ဈေးတက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယ​နေ့ ​ရွှေ​ဈေးနှင့် ​ဒေါ်လာ​ဈေးမှာ သမိုင်းတစ်လျှောက်အမြင့်ဆုံးနှုန်းထားဖြစ်ပြီး ယမန့်နှစ် စက်တင်ဘာလ ၂၇ ရက်ကအမြင့်ဆုံး​ဈေးများဖြစ်​သော အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၂ သိန်း​ကျော် (၂,၂၂၀,၀၀၀ )နှင့် တစ်ဒေါ်လာကို ၂၈၀၀ကျပ်ထက် ပိုများပြီး စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုအာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကို ၁,၃၂၀,၀၀၀ကျပ် နှင့် တစ်ဒေါ်လာကို အမြင့်ဆုံး ၁၃၃၇ကျပ်သာ ရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင် ကျပ်ငွေတန်ဖိုးသည် ​ငွေလဲတန်ဖိုးအရ ၁၁၃ ရာခိုင်နှုန်း တန်ဖိုး​လျော့ကျသွားပြီး၊ ရွှေဈေးမှာလည်း နှစ်ဆမြင့်တက်သွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။