Connect with us

Hi, what are you looking for?

သတင်း

‘စမှတ်’ ရုပ်ရှင်ဇာတ်လမ်းတိုမှ ရရှိသည့် ရန်ပုံငွေများကို မြေပြင်အဖွဲ့များထံ တိုက်ရိုက်လှူဒါန်း

ယင်းဇာတ်ကားအတွက် လင်းလင်းက သီချင်းသစ်တစ်ပုဒ်ဖန်တီးခဲ့ပြီး ယင်းသီချင်းကိုလည်း တော်လှန်ရေးရန်ပုံငွေရရှိရန် အွန်လိုင်းပလက်ဖောင်းများမှ ရောင်းချပေးသွားမည်ဟု ပြောကြားထားသည်။

'စမှတ်' ရုပ်ရှင်ဇာတ်လမ်းတိုမှ ရရှိသည့် ရန်ပုံငွေများကို မြေပြင်အဖွဲ့များထံ တိုက်ရိုက်လှူဒါန်း
'စမှတ်' ရုပ်ရှင်ဇာတ်လမ်းတိုမှ ရရှိသည့် ရန်ပုံငွေများကို မြေပြင်အဖွဲ့များထံ တိုက်ရိုက်လှူဒါန်း

▪️လက်မှတ်များပြန်လည် ရောင်းချနေ

စမှတ်‘ ရုပ်ရှင်ဇာတ်လမ်းတိုမှ ရရှိသည့် ရန်ပုံငွေများကို မြေပြင်အဖွဲ့များထံ တိုက်ရိုက်လှူဒါန်းနေပြီး တော်လှန်ရေးရန်ပုံငွေပိုမိုရရှိရန် ရုပ်ရှင် လက်မှတ်များ ပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း ယင်းရုပ်ရှင်၏ပေ့ခ်ျ၌ ကြေညာထားသည်။

စမှတ် ဇာတ်ကား ပထမဆုံးပွဲစဉ်အတွက် အလှူငွေ ကျပ်သိန်းလေးထောင်ကျော်ရရှိကြောင်း ကြေညာထားပြီး မြေပြင်အဖွဲ့များကိုလှူဒါန်းသည့် မှတ်တမ်းများကိုလည်း ယင်းပေ့ခ်ျ၌ ဖော်ပြပေးနေသည်။

“ထပ်မံပြီး အားပေးကြည့်ရှုလိုသူများနှင့် တော်လှန်ငွေများ ပိုမိုရရှိနိုင်ဖို့အတွက် “စ” မှတ်ရုပ်ရှင်ဇာတ်လမ်းတိုလက်မှတ်ကို အခုကစပြီး ပြန်လည်၍ အရောင်းဖွင့်လိုက်ပါပြီ။

m.me/TmacrameFamily ကတစ်ဆင့် ဝယ်ယူပေးကြပါခင်ဗျာ။ အလိုအလျောက်စနစ်ကိုထည့်သွင်းထားသည့်အတွက် မေးခွန်းများကို တစ်ခွန်းချင်းဖြေပြီး ရိုးရှင်းလွယ်ကူစွာဖြင့် “စ” မှတ်ကို ကြည့်ရှုနိုင်ပါပြီ။” ဟု ယမန်နေ့က ကြေညာထားသည်။

Public Service Announcement

Public Service Announcement

စမှတ်ကို အဆိုတော် လင်းလင်းက ဇာတ်ညွှန်း ၊ဒါရိုက်တာ အဖြစ်ဖန်တီးထားပြီး ဒေါင်း နှင့်ချစ်သုဝေတို့က ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကား၏ ပထမဆုံးပွဲစဉ်ကို ဩဂုတ် ၈ ရက် နံနက် ၈ နာရီတွင် ပြသခဲ့ပြီး ကြည့်ရှုသည့်ပရိသတ်များက ၎င်းတို့ နှစ်ခြိုက်သည့် ဇာတ်ဝင်ခန်းများအကြောင်း ပြန်လည်မျှဝေမှုများရှိသည်။

ယင်းဇာတ်ကားအတွက် လင်းလင်းက သီချင်းသစ်တစ်ပုဒ်ဖန်တီးခဲ့ပြီး ယင်းသီချင်းကိုလည်း တော်လှန်ရေးရန်ပုံငွေရရှိရန် အွန်လိုင်းပလက်ဖောင်းများမှ ရောင်းချပေးသွားမည်ဟု ပြောကြားထားသည်။

တော်လှန်ရေးရန်ပုံ‌ငွေရရှိရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ကြည့်ရှုပြီးသည့် ပရိသတ်များအနေဖြင့် အွန်လိုင်းတွင် မျှဝေခြင်းမပြုရန် ဇာတ်ကားမတင်မီအချိန်ကတည်းက လင်းလင်းက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။