Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဘိုးအဘွား လင်မယားနှစ်ဦးသေဆုံး

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအများအပြားလည်း တိမ်းရှောင် ထွက်ပြေးနေရသည်။

မြိုင်မြို့နယ်
မြိုင်မြို့နယ်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အဘိုးအဘွားလင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ယနေ့(သြဂုတ်၁၄ရက်) မွန်းလွဲ ၁၂နာရီခွဲခန့်က မြိုင်မြို့၊ အနောက်ဖက်အထွက် ကိုးဆောင်ကျောင်း အနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း၊ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြိုင်အနောက်ဘက် တစ်မိုင်ခန့် အကွာရှိ ဆားထုံးကြွယ်ရွာမှ အဘိုးအဘွားလင်မယားနှစ်ဦး သေဆုံးသွား ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗိုလ်လက်ယျာက “မြို့အထွက်ကနေ လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ကို တည်ပစ်နေတာ။ မြို့နားကို ကျွန်တော်တို့အဖွဲ့တွေ ကပ်တယ်လို့ ထင်နေလို့လားမသိဘူး။ အဲမှာဆားထုံး ကြွယ်က လင်မယားနှစ်ယောက် ပွဲခြင်းပြီးဆုံးတယ်။”ဟု ပြောသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအများအပြားလည်း တိမ်းရှောင် ထွက်ပြေးနေရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။